DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့်ဆက်နွှယ်နေသည့် ခရိုနီလက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ရုံးထုတ်စစ်ဆေး
DVB
·
January 24, 2023
စစ်ခေါင်းဆောင်နှင့်ဆက်နွှယ်နေသည့် ခရိုနီလက်နက်ပွဲစား ဦးထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ရုံးထုတ်စစ်ဆေး
Donate to DVB

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ ခရိုနီ လက်နက်ပွဲစား ဦးထွန်းမင်းလတ်အပါအဝင် တရားခံ ၅ ဦးကို ဇန်နဝါရီ ၂၃ ရက် မနေ့က ရာဇဝတ်မှုဆိုင်ရာ တရားရုံးကနေ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တူဒေး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

 Allure Group ထိုင်း-မြန်မာ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးထွန်းမင်းလတ်၊ သူ့ရဲ့ကိုယ်ရေးအရာရှိ နန်းနမ့်ဟွမ်နတ်တကွန်း၊ နိုင်းဒင်းယန်း ကျွန်းထုလ (ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကာရဲ့သမက်)နဲ့ Allure Group ဝန်ထမ်း ၂ ဦးတို့ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားတာဖြစ်ပြီး မနေ့က တရားခွင်မှာတော့ အားလုံးက စွဲဆိုချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

ဒီအမှုမှာ နောက်ထပ် ထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးရှိကြောင်း၊ အသက် ၄၅ နှစ်အရွယ် နိုင်းဖန်းနလုန်းခွန်ဖိထပ်(ခ) အက်ဒိနဲ့ သူ့အမျိုးသမီး နန်းကလဝီ ထိရပဖားဝုန်း(ခ)ဖွန်းထစ် တို့ဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ အိမ်နီးချင်းနိုင်ငံမှာ ပုန်းရှောင်နေရာက နောက်ဆုံး လန်ဒန်မှာ ဘတ်သန်းပေါင်း ၉,၀၀၀ တန် ဟိုတယ်ဝယ်ပြီး နေထိုင်နေတယ်လို့ သတင်းရထားတယ်လို့ ဆိုပါတယ်။

အက်ဒိဟာ Allure Group မှာ ရှယ်ယာပါရုံတင်မကဘဲ အွန်လိုင်းလောင်းကစားမှုနဲ့ တရားမဝင် ထီရောင်းဝယ်မှုတွေနဲ့ပါ ဆက်နွှယ်မှုရှိကြောင်း သက်ဆိုင်ရာက စုံစမ်းသိရှိထားတယ်လို့ ဆိုပါတယ်။

အထူးစုံစမ်းစစ်ဆေးရဲတပ်ဖွဲ့က ၃ နှစ်တာ ထောက်လှမ်းစုံစမ်းချက်အရ ကင်းနွန်ထပူရီ အပါအဝင် မူးယစ်ဆေးဝါးဂိုဏ်း ၄ ဂိုဏ်းဟာ Allure Group ကုမ္ပဏီထဲကို ငွေတွေ အမြောက်အမြား လွှဲထားတာကြောင့် အဆိုပါကုမ္ပဏီနဲ့ သက်ဆိုင်သူတွေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

P & E Allure Group ကုမ္ပဏီထဲကို ဘဏ်အကောင့်ပေါင်း ၂၅၀ ကနေ ငွေပမာဏ သန်းပေါင်း ၁၅၀ ကျော် လွှဲထားတဲ့ အထောက်အထားရှိပြီး အဲဒီလောက်တန်ဖိုးရှိတဲ့ စက်သုံးဆီနဲ့ လျှပ်စစ်ဓာတ်အားရောင်းဝယ်မှု ပမာဏကိုတော့ မပြနိုင်ဘူးလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး အက်ဒိရဲ့ပိုင်ဆိုင်မှု ၆၈၁ သန်းကျော်၊ ဖွန်းထစ်ရဲ့ပိုင်ဆိုင်မှု ၄၁၈ သန်းကျော်၊ နိုင်းဒင်းယန်းရဲ့ ပိုင်ဆိုင်မှု ၁၁ သန်းကျော်၊ ဦးထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှု ၂၃၁ သန်းကျော်၊ နမ့်ဟွမ်ပိုင်ဆိုင်မှု ဘတ် ၂၆ သန်းကျော်၊ ဦးဝင်းမင်းစိုး ၃၆ သန်းကျော်၊ နန်းပီယ ၁၁ သန်းကျော်၊ စုစုပေါင်း ဘတ်သန်းပေါင်း ၁,၅၀၀ ကျော်ကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ပါတယ်။

အဲဒီထဲမှာ မြေဂရန်၊ ကွန်ဒိုတိုက်ခန်း၊ ဇိမ်ခံကား၊ တန်ဖိုးကြီးအမှတ်တံဆိပ် လက်ကိုင်အိတ်တွေ၊ ဘဏ်စာအုပ်နဲ့ မီးခံသေတ္တာထဲက ထိုင်းဘတ်နဲ့ အမေရိကန်ဒေါ်လာငွေတွေ ပါဝင်ပါတယ်။

အဆိုပါ Allure Group P & E ကုမ္ပဏီရဲ့ မူလပိုင်ရှင်ဟာ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပကျာရီယန်းကွန်း ဖြစ်ပြီး ဦးထွန်းမင်းလတ်ရဲ့ ဖခင်လက်ထက်ကတည်းက ရင်းနှီးကျွမ်းဝင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ကုမ္ပဏီဟာ တာချီလိတ်မှာလည်း ကာစီနိုရုံနဲ့ ဟိုတယ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ဦးထွန်းမင်းလတ်ကို ရောင်းချပေးခဲ့တာကြောင့် သူနဲ့မဆိုင်တော့ဘူးလို့ နိုင်းဥပကစ်က သတင်းစာရှင်းခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့သမက်ဖြစ်သူ နိုင်းဒင်းယန်းက ကုမ္ပဏီထဲမှာ အရေးပါသူတဦး ဖြစ်နေတာကြောင့် စသုံးလုံးရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။

ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်မှာ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းမဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့လို့ သူတို့ချမ်းသာကြွယ်ဝမှုတွေဟာ မူးယစ်ဆေးဝါးနဲ့  တရားမဝင် စီးပွားရေးတွေနဲ့ ပတ်သက်မှုရှိမရှိကို ထိုင်းရဲတွေက ဆက်လက်စုံစမ်းနေကြပါတယ်။

ကိုးကား - ch3plus.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013