DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်၊ စေတီပြင်စစ်ဘေးရှောင်စခန်းက ဒုက္ခသည်များ အကူအညီများလိုအပ်နေ (ဓာတ်ပုံ)
DVB
·
January 24, 2023
ရသေ့တောင်၊ စေတီပြင်စစ်ဘေးရှောင်စခန်းက ဒုက္ခသည်များ အကူအညီများလိုအပ်နေ (ဓာတ်ပုံ)
1 / 7
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှာ အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဆိုပါစစ်ဘေးရှောင်စခန်းမှာ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အိမ်ထောင်စု ၂၃၈ စု၊ မ ၅၈၉ ဦး၊ ကျား ၄၆၄ ဦး၊ စုစုပေါင်းလူဦးရေ ၁၀၅၃ ဦး ခိုလှုံနေကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင်အမျိုး သမီးတစ်ဦးက ''ခုကအိမ်တွေက အကုန်လုံးပျက်စီးနေပြီ။ ခုအိမ်တွေကို မွန်းမံဖို့ကျတော့လည်း ပိုက်ဆံကမရှိ။ အလုပ်မရှိတော့ ပိုက်ဆံမရှိဘူးပေါ့။ ကျမတို့နေဖို့ အိမ်ရယ်။ စားဝတ်နေရေးတွေရယ် ပံ့ပို့ပေးစေချင်တယ်”လို့ MPA ကိုပြောပါတယ်။

စခန်းထဲက ယာယီနေအိမ်အများအပြားပျက်စီးနေလို့ အမြန်ပြုပြင်ဖို့လိုနေပြီး နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ ဘယ်ဖွဲ့အစည်းထံကမှ အကူအညီမရသေးဘူးလို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

စခန်းတာဝန်ခံက ''စားဝတ်နေရေးက အဆင်မပြေဘူး။ အကူအညီတွေမရတာတွေလည်း ကြာပြီ။ လေးလလောက်တောင် မရခဲ့ဘူး။''လို့  MPA ကိုပြောပါတယ်။

ရခိုင်ပြည်နယ်မှာ  ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ နိုဝင်ဘာ  ၂၆ ရက်က ရုတ်တရက် ယာယီအပစ်ရပ်ခဲ့ကြပေမဲ့ စစ်ဘေးရှောင်တွေကို အပြည့်အဝကူညီထောက်ပံ့မှုမရသေးဘူးလို့  စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲအတွင်း ထပ်တိုးလာခဲ့တဲ့ စစ်ဘေးရှောင်တွေ အပါအဝင် စစ်ဘေးရှောင်တစ်သိန်းကျော်အထိ ရှိနေသေးကြောင်း စစ်ဘေးရှောင်တွေနဲ့ အရပ်ဖက်အဖွဲ့က ပြောပါတယ်။

Photo- MPA/ Ni Ni

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013