DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ကျပ်သိန်းပေါင်း ၂,၃၀၀ ကျော်တန်ဖိုးရှိ မှောင်ခိုနွား ၁၇၉ ကောင် ဖမ်းမိ
DVB
·
January 23, 2023
ဘူးသီးတောင်တွင် ကျပ်သိန်းပေါင်း ၂,၃၀၀ ကျော်တန်ဖိုးရှိ မှောင်ခိုနွား ၁၇၉ ကောင် ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအနီး ပန်ဇင်းချောင်းအတွင်းမှာ ဇန်နဝါရီ ၂၃ ရက် ဒီနေ့မနက် ၈ နာရီလောက်က မှောင်ခိုနွားတွေ တင်ဆောင်လာတဲ့ စက်လှေ ၃ စီးကနေ နွားကောင်ရေ ၁၇၉ ကောင်နဲ့အတူ တရားခံ ၁၆ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

“စက်လှေ ၃ စီးကို မသင်္ကာလို့ ကမ်းကပ်စစ်ဆေးခဲ့တာ၊ တရားမဝင်သယ်လာတဲ့ နွား ၁၇၉ ကောင် ဖမ်းမိတာ။ စက်လှေသမားနဲ့ နွားထိန်း ၁၆ ဦး ဖမ်းမိခဲ့တယ်။ သူတို့ကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့ အမှုဖွင့်ထားတယ်။”

ကျောက်ဖြူမြို့နယ် ပန်းတောပြင်ကျေးရွာသား စက်လှေပိုင်ရှင် ဝင်းနိုင်ရဲ့ စက်လှေက လူ ၆ ဦးနဲ့ နွား ၆၈ ကောင်၊ ကျောက်ဖြူမြို့ နယ်ပိုင်ချောင်းကျေးရွာနေ စက်ဆရာ နေအောင်ရဲ့ စက်လှေက လူ ၅ ဦး၊ နွား ၅၇ ကောင်နဲ့ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာနေ စက်ဆရာ ထွန်းထွန်းကြည်ရဲ့ စက်လှေက လူ ၅ ဦး၊ နွားထီး ၅၄ ကောင်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂,၃၂၇ ရှိ စုစုပေါင်းနွားကောင်ရေ ၁၇၉ ကောင် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ နွား ၁ ကောင်ကို စက်လှေပိုင်ရှင်တွေက ၈၀,၀၀၀ ကျပ်၊ နွားထိန်း ၁ ဦးကို ၅၀,၀၀၀ ကျပ်နဲ့ မှောင်ခိုရောင်းချဖို့ သယ်ဆောင်လာတာဖြစ်ပြီး နွားပိုင်ရှင်တွေကို စစ်ဆေးဖော်ထုတ်နေကာ ဖမ်းမိသူတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

၂ဝ၂၂ မတ် ၁၈ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားမယ့် နွား ၅၈ ကောင်ပါ မှောင်ခိုစက်လှေတစီးကို မာန်အောင်မြို့နယ်မှာ ဖမ်းမိခဲ့ပြီး ဇွန်လ ၄ ရက်ကလည်း တောင်ကုတ်မြို့နယ်မှာ တရားမဝင် နွား ၁၃ ကောင် သယ်ဆောင်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013