
မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို အမျိုးအမည်မသိ ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်ဟာ ကျရောက်ပြီးသား ဖြစ်ပုံရတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ ပြည်တွင်းထုတ် အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် ပထမဆုံးစမ်းသပ်မှုကို ကြီးကြပ်ပြီးတဲ့နောက် မြောက်ကိုရီးယားက ခုလို ပစ်လွှတ်ခဲ့တာပါ။
မြောက်ကိုရီးယားဟာ အောက်တိုဘာ ၃ ရက်က နောက်ဆုံးအကြိမ်အနေနဲ့ ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါသေးတယ်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲမှာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ စစ်ရပ်စဲရေးစာချုပ် ချုပ်ထားပေမဲ့ ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
Source: Reuters











