DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းထွေအုပ်ရုံး တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ အင်းတော်တွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်
DVB
·
January 21, 2023
ဇီးကုန်းထွေအုပ်ရုံး တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ အင်းတော်တွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ဝန်ထမ်းတွေကို ဇန်နဝါရီ ၂၁ ရက် မနက် ၁၁ နာရီကျော်က ကန်ဘလူမြို့နယ် လင်းယုန်နီအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကန့်ဘလူ လင်ယုန်နီအဖွဲ့ တာဝန်ရှိသူက “ထွေအုပ်ရုံးထဲကို လက်ပစ်ဗုံး တလုံးနဲ့ စပစ်တယ်။ ပြီးတော့  ဆိုင်ကယ်နဲ့ အသင့်လုပ်ထားတဲ့ အဝေးထိမ်း စနစ်မိုင်းနဲ့ မိုင်းခွဲခဲ့နိုင်ခဲ့တယ်။ ၃ ဦး သေတယ်လို့‌ နီးစပ်သူစီက ပြန်ကြားရတယ်။ ကျနော်တို့အဖွဲ့ကတော့ အထိခိုက် မရှိ ဌာနေကို ပြန်ဆုတ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရေး လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီကြီးစိုးရာ ဇီးကုန်းမြိုပေါ်ကို အခုလို ဝင်ရောက်တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး ပေါက်ကွဲမှုအပြီး လုံးခြုံရေးတင်းကြပ်ကာ အပြင်းအထန် စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကြိမ်ချောင်းရွာနဲ့ သစ်ပုံလွင်ရွာကြားမှာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းအချိန် ထီးချိုင့်ဘက်က‌နေတက်လာတဲ့ စစ်‌ကောင်စီတပ်နဲ့ KIA၊ PDF၊ ပကဖ ပူးပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက  "စစ်ကောင်စီဘက်က ၄ ယောက် ထိခိုက် ဒဏ်ရာရပြီး ၁ ယောက် သေဆုံးကာ သစ်ပုံလွင်ရွာ သင်္ချိုင်းမှာ မြေမြှုပ်ထားခဲ့တယ်။ PDF ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် ၂၀ အရွယ်(ပကဖ)ရဲဘော်တဦး ကျဆုံးခဲ့တယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ထီးချိုင့်မြို့နယ် လယ်မှီးရွာကနေ ဓားစာခံခေါ်လာတဲ့ အသက် ၃၅ နှစ်အရွယ် ကိုရဲဝင်းအောင်၊ ကိုညိုအေး နဲ့ အသက် ၄၀ နှစ်အရွယ် ကိုစန်းဝေတို့ကို သတ်ဖြတ်ကာ ဦးသျှစ်ကုန်းရွာက တောထဲမှာ ပစ်ထားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဟာ တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၀၁) နဲ့ ခလရ(၄၁၆)တို့ ဖြစ်တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013