DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူအနီး DKBA ၉၀၃ တပ်ရင်းစခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
January 21, 2023
ဘုရားသုံးဆူအနီး DKBA ၉၀၃ တပ်ရင်းစခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)  ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ အမှတ် ၉၀၃ အခြေချတပ်စခန်းကို ဇန်နဝါရီ ၂၁ ရက် မနက် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချသွားတယ်လို့  DKBA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   

ဗုံးဒဏ်ကြောင့် ဒီကေဘီအေ တပ်သား ၂ ဦး ဒဏ်ရာရပြီး ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ နေအိမ်လည်း ထိခိုက်ပျက်စီးသွားပါတယ်။

လေကြောင်းတိုက်ခိုက်မယ့်သတင်းရထားလို့ DKBA တာဝန်ရှိသူတွေနဲ့ တပ်သားတွေကတော့ ဘေးလွတ်ကင်းရာမှာ အချိန်မီပြောင်းရွှေ့ ရှောင်တိမ်းနိုင်ခဲ့ပြီး DKBA ကားမောင်းသမား နှစ်ယောက်သာ ထိခိုက်ခဲ့တယ်လို့လည်း  DKBA တာဝန်ရှိသူက ပြောပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ဟာ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အန်စီအေမှာ ပါဝင်လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်သလို အာဏာသိမ်းပြီးနောက်မှာလည်း စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ ဖိတ်ခေါ်တိုင်းသွားရောက်တွေ့ဆုံနေတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒါပေမဲ့ အောက်ခြေ DKBA တပ်ရင်းတချို့ကတော့  စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေတာ နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေသူတွေကို ကူညီပေးတာတွေလည်းရှိပြီး  အခု ဗိုလ်အေဝမ်းရဲ့ DKBA 903 တပ်ဟာလည်း စစ်ကောင်စီကို ပြန်တိုက်နေလို့ ဗုံးကြဲခံခဲ့ရတာလို့ ဆိုပါတယ်။

DKBA ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်က ဗိုလ်စလုံး ဦးဆောင်တဲ့ အင်အား ၂ဝဝ ကျော်ပါ တပ်ဖွဲ့တဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်မှာ KNDO ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ထံ ပူးပေါင်းခဲ့ပါတယ်။

အလားတူ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက DKBA ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးဆောင်အဖွဲ့ဟာလည်း ကေအန်ယူနဲ့ ပြန်လည် ပူးပေါင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013