DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး အင်္ဂလန်နိုင်ငံသား ၁ ဦးကို မြန်မာနယ်စပ် ဘုရားသုံးဆူ၌ တွေ့ရှိ၊ ကျားဖြန့်ဂိုဏ်းနှင့် ဆက်စပ်မည်ကို စိုးရိမ်
DVB
·
October 3, 2025
ပျောက်ဆုံး အင်္ဂလန်နိုင်ငံသား ၁ ဦးကို မြန်မာနယ်စပ် ဘုရားသုံးဆူ၌ တွေ့ရှိ၊ ကျားဖြန့်ဂိုဏ်းနှင့် ဆက်စပ်မည်ကို စိုးရိမ်
Donate to DVB

အင်္ဂလန်နိုင်ငံသား အသက် ၁၉ နှစ် အရွယ် လူငယ် လောရန့်စတောဒ်အော်နာဟာ ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့ ပတ္တယားကမ်းခြေရှိ တည်းခိုရာ နေအိမ်ကနေ ပျောက်ဆုံးသွားပြီး မြန်မာနယ်စပ်ရောက်သွားတဲ့အတွက် ကျားဖြန့်ဂိုဏ်းနဲ့ ပတ်သက်မှာကို စိုးရိမ်ပြီး မိသားစုက အပူတပြင်း ရှာဖွေနေပါတယ်။

စက်တင်ဘာ ၂၆ ရက် မနက် ၆ နာရီကျော်ကတည်းက နေအိမ်က ထွက်ခွာသွားပြီး တပတ်နီးပါး ဆက်သွယ်မရတာကြောင့် မိခင်ဖြစ်သူက ပတ္တယားနယ်မြေရဲစခန်းမှာ လူပျောက် တိုက်ကြားခဲ့တာပါ။

သူငယ်ချင်းတွေက သူ့အီးမေးလ်ကို စစ်ဆေးရာမှာ မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီဘက်မှာ တည်နေရာပြနေတာကြောင့် သားဖြစ်သူကို တွေ့ရှိပါက မိခင် ထိုင်း-ရုရှား လူမျိုး  Ms. Gulnara Fattakhova ရဲ့ ဖုံးနံပါတ် 087 063 2177 ကို အကြောင်းကြားဖို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ အောက်တိုဘာ ၁ ရက်က တင်ထားပါတယ်။

ထိုင်းသတင်းထောက်က အဆိုပါနံပါတ်ကို ဆက်သွယ်မေးမြန်းရာမှာ မိခင်ဖြစ်သူက “သားဖြစ်သူဟာ စကားနည်းပြီး အနေအထိုင် အေးဆေးသူဖြစ်တယ်၊ အလည်အပတ် မကျူးဘူး၊ ကွန်ပြူတာ ကျွမ်းကျင်မှုကတော့ တော်တော်မြင့်တယ်၊ သားဆီမှာ ပိုက်ဆံလည်း များများစားစား မရှိဘူး၊  ဖုံးဆက်လို့လည်း မရဘူး၊ ရက်အတန်ကြာပျောက်နေတော့ စိတ်ပူတယ်၊ အွန်လိုင်း တည်နေရာက မြန်မာနယ်စပ် ဆန်ခလပူရီကို ပြနေတော့ တဖက်နိုင်ငံက ကျားဖြန့် အွန်လိုင်းတွေနဲ့ ဆက်စပ်မှာလည်း စိုးရိမ်တယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားကို အမြန်ဆုံးရှာဖွေဖို့ ကန်ကျနပူရီခရိုင်ဝန် နိုင်းအထိဆန်အင်ထရာက သက်ဆိုင်ရာ နယ်မြေရဲစခန်း၊ နယ်စပ်လုံခြုံရေး၊ နယ်ခြားစောင့်တပ်နဲ့ ရပ်/ကျေး အုပ်ချုပ်ရေးတွေကို ညွှန်ကြားထားတယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

စီစီတီဗွီ ကင်မရာ ပြန်လည်စစ်ဆေးချက်အရ ပျောက်ဆုံးနေသူ လောရန့်ဟာ အောက်တိုဘာ ၂ ရက် ညနေ ၃ နာရီခွဲက ရှပ်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ကျောပိုးအိတ်နဲ့ ဆန်ခလပူရီမြို့နယ် ဘုရားသုံးဆူရပ်ကွက် (ထိုင်းဘက်ခြမ်း) ရှိ ရီဆော့တ်ဟိုတယ်တခုထဲကနေ ထွက်လာတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။

ဘုရားသုံးဆူနယ်စပ်ဂိတ် တာဝန်ခံကလည်း သူဟာ အဲဒီနေ့မှာပဲ မြန်မာဘက်ခြမ်း ဘုရားသုံးဆူဘက်ကို သွားမလို့လုပ်တယ်၊ တချိန်လုံးလည်း ဖုန်းဆက်နေတယ်၊ တာဝန်ရှိသူတွေက မသင်္ကာလို့ ဂိတ်မပေးဖြတ်ဘူး၊ အဲဒီနောက် သူက နောက်တနေရာ ခြံစည်းရိုးက သံဆူးကြိုးအောက် ငုံ့ပြီးဝင်သွားဖို့ ကြိုးစားတယ်၊ တာဝန်ရှိသူတွေကတွေ့လို့ ကားနဲ့ မြို့ထဲပြန်လာပို့ထားတယ်လို့ ဆိုပါတယ်။

သူဟာ ဒီမတိုင်ခင်က ကျောင်းဆရာတယောက်နဲ့အတူ ဆန်ခလပူရီမြို့နယ်၊ ဆိုင်းယို့နွဲ့ရေတံခွန်ကို အလည်အပတ်လာခဲ့တဲ့ အထောက်အထား တွေ့ရှိတယ်၊ လူမှုကွန်ရက်အသုံးပြုသူတယောက်က သူ့ကို တာမခန်ရွာနားမှာ တွေ့တယ်ဆိုပြီး တင်ထားလို့ အဲဒီနေရာ သွားရှာပေမဲ့ မတွေ့သေးဘူးလို့  ဆန်ခလပူရီမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကန်ကျနပူရီနေ ပြည်သူတွေအနေနဲ့ ပျောက်ဆုံးသူ မစ္စတာ လောရန့်ကို တွေ့ရှိက ဆန်ခလပူရီရဲတပ်ဖွဲ့ အရေးပေါ်ဖုန်းလိုင်း ၁၉၁ ဒါမှမဟုတ် ဖုန်းနံပါတ် ၀၃၄ ၅၉၅၃၀၀ ကို ဆက်သွယ်အကြောင်းကြားဖို့ သက်ဆိုင်ရာက ထုတ်ပြန် ကြေညာထားပါတယ်။

Source: Daily News / MGROnline 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013