DVB Logo
Home
မြန်မာသတင်း
Non-CDM များကို အရေးယူရန်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ NUCC ကြေညာ
DVB
·
January 21, 2023
Non-CDM များကို အရေးယူရန်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ NUCC ကြေညာ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတခုဖြစ်တဲ့ အကြမ်းအဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ကျောင်းသူာင်းသားတွေကို ဂုဏ်ပြုမှတ်တမ်းတင်တာနဲ့ Non-CDM တွေကို အပြစ်ပေးအရေးယူဖို့တွေ ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC က ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။

တဖက်မှာ Non-CDMကို အပြစ်ပေးအရေးယူမယ်ဆိုတာတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပမယ့် အခုလို CDM တွေကို အသိအမှတ်ပြုတာကို ဝမ်းသာကြောင်းနဲ့ Non-CDM တွေအနေနဲ့လည်း အပြစ်ဒဏ်ကို ရှောင်ရှားနိုင်ဖို့ တွန်းအားတစ်ခုဖြစ်နိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ CDM ဝန်ထမ်းတဦး ပြောပါတယ်။

“ကျနော်တို့ကတော့ လုပ်စရာရှိတာဆက်လုပ်နေရမှာပဲလေ အာဏာရှင်စနစ်ကို ကျနော်တို့ခံစားခဲ့ရ ပြီးပြီ။ အာဏာရှင်စနစ်ရဲ့ စနစ်ဆိုးကိုဘယ်လိုမှ မခံနိုင်လို့တွန်းလှန်နေတာ။ ဒီတော့ ကျနော်တို့ရဲ့စွန့်လွှတ် အနစ်နာခံမှုကို အခုလိုအသိအမှတ်ပြုတဲ့အတွက်ဝမ်းသာသလို Non-CDM တွေကိုလည်း အသိတရားရပြီး အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ပေါ့။ လာမယ့် အနာဂတ် ကလေးငယ်တွေအတွက် ဒီအာဏာရှင်ဆိုတဲ့ စနစ်ဆိုးကြီးကို အပြီးတိုင်မောင်းထုတ်ရမှာမလို့ သွေးမအေးပဲအဆုံးထိပါဝင်ကူညီပေးကြဖို့ကိုလည်း ကျနော်တို့ရဲ့ CDM ညီအစ်ကိုမောင်နှမတွေကို တောင်းဆိုပါတယ်” လို့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်း CDM တွေဟာတိုင်းပြည်ပြောင်းလဲရေးအတွက် တော်လှန်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ် ဖြစ်တဲ့အတွက် NUCC အနေဖြင့် မှတ်တမ်းတင်ကြောင်း၊  အသွင်ကူးပြောင်းမှာ တရားမျှတမှုအတွက် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ အမှန်တရားနဲ့ တရားမျှတမှုရှာဖွေခြင်းနဲ့ နစ်နာမှုများကို ပြန်လည်ကုစားပေးမှာဖြစ်ကြောင်း အဆိုပါ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒမှာ ဖော်ပြပါတယ်။

ဒါ့အပြင် JCC-CDM က ပေးပို့တဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းရဲ့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒနဲ့ လုပ်ထုံးလုပ်နည်းများကို ဆက်လက် ရေးဆွဲသွားမှာဖြစ်ကြောင်းနဲ့  Non-CDM တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုများ၊ ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း သက်သေအထောက်အထားတွေ့ရှိပါက သက်ဆိုင်ရာဒေသဥပဒေနဲ့ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်းမူဝါဒလေးချက်ကို အဓိထား ရေးဆွဲအတည်ပြု ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013