DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအဖွဲ့များ၏ ဗွီဒီယိုများ ယူကျုချန်နယ်တွင် တင်ပေးမည်ဟု Click2donate အဖွဲ့ ဖိတ်ခေါ်
DVB
·
January 20, 2023
တော်လှန်ရေးအဖွဲ့များ၏ ဗွီဒီယိုများ ယူကျုချန်နယ်တွင် တင်ပေးမည်ဟု Click2donate အဖွဲ့ ဖိတ်ခေါ်
Donate to DVB

နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ငွေအင်အား အဓိကကူညီပံ့ပိုးပေးနေတဲ့ Click2donate အဖွဲ့ဟာ သူတို့ရဲ့ ယူကျုချန်နယ်မှာ ဗွီဒီယိုလာရောက်တင်ပေးဖို့ တော်လှန်ရေးအင်အားစုတွေကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ အကြံပြု ဖိတ်ခေါ်လိုက်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ယူကျုချန်နယ်တွေထောင်ပြီး အစကနေ ဗွီဒီယိုတွေ တင်နေမယ့်အစား Subscribe အများကြီးရှိပြီးသား Click2donate ချန်နယ်မှာ ဗွီဒီယိုတွေ လာတင်ဖို့နဲ့ ဗွီဒီယိုမှာတော့ ဖန်တီးထားတဲ့ အဖွဲ့နာမည်နဲ့ ဖန်တီးသူနာမည် ထည့်ပေးမှာဖြစ်ပြီး အဲဒီဗွီဒီယိုက ရသမျှ ဝင်ငွေအကုန်လုံးကို ပြန်တွက်ပြီး ပိုက်ဆံ ပြန်ပို့ပေးမှာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဖော်ပြထားပါတယ်။

Click2Donate အဖွဲ့ရဲ့ Weclick Channel ဟာ Subscribers ပေါင်း 346 K အထိ ရရှိထားပြီး တခြား Raungni, WECLICK4MM ချန်နယ်တွေလည်း ရှိသေးတဲ့အပြင် App တွေအနေနဲ့ လက်ဆောင် (Lattsaung)၊ သပြေခက်၊ အောင်ပွဲ (Aungpwel) နဲ့ စီတူးဒီ (C2D) အက်ပလီကေးရှင်းတွေလည်း ထွက်ရှိထားပါသေးတယ်။

Click2donate ရဲ့ ၂၀၂၂ ခုနှစ် ရငွေစာရင်းတွေအရ စင်ကာပူဒေါ်လာ ၂ ဒသမ ၁၁၉ မီလီယံ၊ မြန်မာကျပ်ငွေနဲ့ သိန်းပေါင်း ၄၀,၀၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကျော် ရရှိခဲ့ပါတယ်။

ရရှိတဲ့ဝင်ငွေတွေကို တော်လှန်ရေးအဖွဲ့ပေါင်း ရာနဲ့ချီ ထောက်ပံ့ပေးထားပြီးဖြစ်ကာ စစ်ကောင်စီကတော့ အခုလိုမျိုး ငွေအင်အားအများအပြား ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေရဲ့ အက်ပလီကေးရှင်းတွေကို သုံးစွဲတာမပြုလုပ်ဖို့နဲ့ သုံးစွဲမယ်ဆိုရင် အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013