DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် အလုပ်သမားများအတွက် ပန်းရောင်ကတ်လုပ်ပေးရာတွင် ငွေပိုကောက်ခံနေ
DVB
·
January 20, 2023
ချင်းမိုင်တွင် အလုပ်သမားများအတွက် ပန်းရောင်ကတ်လုပ်ပေးရာတွင် ငွေပိုကောက်ခံနေ
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် ဗဟိုမှတ်ပုံတင်ရုံးမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်နေထိုင်ခွင့် ကတ်ပြားတွေ ထုတ်ပေးနေရာမှာ သတ်မှတ်နှုန်းထား ဘတ် ၈၀ ထက် ဘတ် ၄၀၀ ပိုကောက်ခံနေလို့  အေဂျင်စီတခုက သက်ဆိုင်ရာကို တိုင်ကြားထားတာမှာ ဒေသတွင်း နိုင်ငံရေးသမားရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်ထုတ်ပေးရေးဌာန အလှည့်ကျကြီးကြပ်ရေးမှူးလည်းဖြစ်၊ ဆန်ဆိုင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ နိုင်းဘွန်းယရစ် နိပ်ဝနစ်က  ပန်းရောင်ကတ် ထုတ်ပေးနေတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက် စစ်ဆေးပြီးတဲ့နောက် နယ်မြေခံနိုင်ငံရေးသမားရဲ့ တပည့်တွေလို့ပြောတဲ့ လူတချို့ဟာ တိုင်တန်းချက်ပေးပို့တဲ့ အေဂျင်စီထံ ရောက်လာပြီး တိုင်တန်းထားတာတွေ ပြန်ရုပ်သိမ်းဖို့၊ တိုင်တောမှုတွေ ရပ်တန်းကရပ်ဖို့ ပြောဆို ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အေဂျင်စီကတော့ တိုင်ကြားမှုကို နောက်ဆုတ်မှာမဟုတ်ဘဲ ထိရောက်စွာ အရေးယူနိုင်ဖို့ တိုင်ကြားသွားမယ်လို့ ပြောကြောင်း၊ မနေ့ကလည်း ဒွိုင်စကစ်မြို့နယ်စခန်းမှာ သွားရောက်တိုင်ကြားခဲ့ပြီး တခြားနစ်နာသူတွေလည်း ရဲစခန်းမှာ ဆက်လက်သွားရောက်တိုင်ကြားဖို့ ရှိနေတယ်လို့ ဆန်ဆိုင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး နိုင်းဘွန်းယရစ်က သတင်းထောက်တွေကို ပြောပါတယ်။

သူ့အနေနဲ့လည်း  ငွေလွှဲထားတဲ့ အထောက်အထား၊ စစ်ဆေးတွေ့ရှိချက် သက်သေတွေနဲ့အတူ  ဒီဖြစ်စဉ်မှာ အဓိကတရားခံ ၃ ဦးကိုရော ပူးပေါင်းပါဝင်သူတွေ အားလုံးကို ထိရောက်စွာ အရေးယူပေးဖို့ တိုင်ကြားစာတစောင်ကို မနေ့က ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ကြီးကြပ်ရေးမှူးက သွားရောက်စစ်ဆေးပြီးတဲ့နောက်ပိုင်း အဆိုပါ တန်းစီ လက်မှတ်ရောင်းတဲ့သူတွေ၊ ပန်းရောင်ကတ် ထုတ်ပေးနေတဲ့ အပြင်လူတွေ လာရောက်ခြင်း မရှိတော့ကြောင်း၊ ဒါပေမဲ့ သူတို့ဆီမှာ ဌာနပိုင်ပစ္စည်း ငွေလက်ခံမိတ္တူ ဘောက်ချာတွေ ပါသွားခြင်း ရှိမရှိကို ဆက်လက်စစ်ဆေးရဦးမယ်လို့ နိုင်းဘွန်းယရစ်က ပြောသွားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအတွက် နေထိုင်ခွင့် ပန်းရောင်ကတ်ပြားတွေကို ဒီနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိသာ ဆောင်ရွက်ပေးနေရာမှာ အလုပ်သမားတွေအနေနဲ့ အလှည့်ကျ တန်းစီ တိုကင်လက်မှတ်တွေကို အွန်လိုင်းကနေ အရင်ယူထားရပါတယ်။ ဒါပေမဲ့ ပွဲစားတွေက အရင်ဦးအောင် သွားထုတ်ထားပြီး မှတ်ပုံတင်ရုံးရှေ့မှာ အနည်းဆုံး ဘတ် ၄၀၀ နဲ့ ပြန်ရောင်းနေတာပါ။ 

အလုပ်သမားအများစုဟာ အင်တာနက် အွန်လိုင်း မသုံးတတ်တာက တကြောင်း၊ သုံးတတ်သူတွေကလည်း အွန်လိုင်းတိုကင်လက်မှတ် တော်တော်နဲ့ မရတာက တကြောင်း၊ မှတ်ပုံတင်ဌာနမှာ တနေ့ကို လူ ၃၀၀ သာ ထုတ်ပေးလို့ ရပ်ဝေးကနေလာတဲ့ အလုပ်သမားတွေအနေနဲ့ တနေ့တည်း အပြီးလုပ်ချင်ရင် ပွဲစားနဲ့ ဝန်ထမ်း လက်ဝါးရိုက်ပြီး ရောင်းထားတဲ့ တိုကင်လက်မှတ်ကို ဘတ် ၁,၀၀၀ ထိပေးပြီး ဝယ်နေရတာ ဖြစ်ပါတယ်။

ကိုးကား - mgronline.com

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013