DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ် ထင်းရှူးရဲစခန်း တိုက်ပွဲအတွင်း ရဲ ၃ ဦးသေပြီး ၅ ဦးဒဏ်ရာရ
DVB
·
January 19, 2023
သံဖြူဇရပ် ထင်းရှူးရဲစခန်း တိုက်ပွဲအတွင်း ရဲ ၃ ဦးသေပြီး ၅ ဦးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ထင်းရှူးနယ်မြေရဲစခန်းကိုတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးကျော် နေထိုင်တဲ့ ထင်းရှူးရဲစခန်းကို မနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၆ နာရီခွဲလောက်မှာ ရေးပြောက်ကျားတပ်ဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ မိနစ် ၂၀  ကြာ ဖြစ်ပွားခဲ့ပြီး အချိန်အကန့်အသတ်ကြောင့် စခန်းသိမ်းပိုက်နိုင်ခြင်း မရှိပေမဲ့ လွတ်မြောက်နယ်မြေကို အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကျနော်တို့က စခန်းသိမ်းဖို့အထိ ရည်ရွယ်ထားတာ၊ ဒါပေမဲ့ အမြောက်တပ်က လက်နက်ကြီး ပစ်ကူးပေးတာရယ်၊ ဘုရားသုံးဆူစစ်ကြောင်း ရောက်လာလို့ ပြန်ဆုတ်ပေးလိုက်တာ” လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစခန်းတိုက်ပွဲမှာ သံဖြူဇရပ်မြို့နယ် အခြေစိုက်စစ်ကောင်စီ အမှတ် ၃၁၅ အမြောက်တပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်နဲ့ ခြံစည်းရိုးတချို့ ထိခိုက်ပျက်စီးတာ ရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲအပြီး ဒီနေ့ ဇန်နဝါရီ ၁၉ ရက်အထိ စစ်ကောင်စီစစ်ကြောင်းက စွပ်ပလောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး တောနင်းရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထင်းရှူးနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်တာမရှိကြောင်းနဲ့ တိုက်ပွဲအပြီး ရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင်တွေ စွန့်ခွာလာပြီလို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ရေးပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013