DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေ
DVB
·
January 18, 2023
သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ခံရတဲ့ အိမ်ခြေ ၂၀ ကျော်က မိသားစုတွေဟာ  စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ ပြည်သူ့မှ ပြည်သူသို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။

စစ်ဘေးရှောင်ကူညီပေးနေသူတဦးက “သရက်ချောင်းမြို့နယ် အပေါ်ပိုင်းမှာ အမြဲတမ်းစစ်ရှောင် အိမ်ခြေ ၂၀ကျော်ရှိပါတယ်။ အော်ပရေးရှင်းဖြစ်လာရင် အများစုဟာ အဲဘက်မှာ လာရှောင်ကြတယ်။ အဲဒီလူတွေအတွက်လည်း ကျနော်တို့က ကြိုပြင်ဆင်ထားရတာတွေရှိပါတယ်။ လိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပါ”လို့ ဆိုပါတယ်။

အခုလို အမြဲတမ်းစစ်ရှောင်တွေထဲမှာ ကလေးသူငယ် အယောက် ၂၀ ဝန်းကျင်ရှိပြီး မွေးကင်းစကလေး ၂ယောက်ရှိတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက  တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၇၀၀၀ ကျော်ရှိပြီး ၁၆၀၀ ကျော်မှာ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူဖြစ်တယ်လို့ FEB5Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာလ ၂၀၂၁ ခုနစ်ကနေ ဒီဇင်ဘာ  ၂၀၂၂ ခုနစ်အထိ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူနေအိမ် ၃၃ လုံးမီးရှို့ခံထားရပြီး ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက တခြားမြို့နယ်တွေထက် အရပ်သားသေဆုံးမှု အရေအတွက်များတယ်လို့  Southern Monitorရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013