DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ် ထင်းရှူးရဲကင်းစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်
DVB
·
January 18, 2023
သံဖြူဇရပ် ထင်းရှူးရဲကင်းစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်
1 / 2
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ ထင်းရှူးရဲကင်းစခန်းကို ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၆ နာရီခွဲလောက်မှာ ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင် အင်အား ၂၀ လောက် တပ်စွဲနေထိုင်နေတဲ့ ထင်းရှူးရဲကင်းစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု တနာရီနီးပါးအကြာ ဖြစ်ပွားခဲ့သလို သံဖြူဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၅ အမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာပါ။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီစစ်ကြောင်းဟာ ထင်းရှူးကျေးရွာနဲ့ စွပ်ပလောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။

ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ ထင်းရှူးရဲစခန်းကို တိုက်ခိုက်ပြီးနောက် နေ့လယ် ၂ နာရီထိ နှစ်ဖက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် မြေပြင်အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတွေအဆိုအရ ထင်းရှူးရဲကင်းစခန်း တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိထားကြောင်းနဲ့ ဒေသခံပြည်သူတချို့လည်း တိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ထင်းရှူးကျေးရွာဟာ မွန်လူမျိုးအများစုနေထိုင်တဲ့ ကျေးရွာတခုဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ် ကျေးရွာအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013