DVB Logo
Home
မြန်မာသတင်း
ထန်းတပင်တွင် အမည်မသိအဖွဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံး
DVB
·
January 18, 2023
ထန်းတပင်တွင် အမည်မသိအဖွဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ချောင်းဝအုပ်စု ရွာသာယာကျေးရွာ ကားလမ်းမပေါ်မှာ ဇန်နဝါရီ ၁၇ ရက် နေ့လယ်က အမည်မသိလက်နက်ကိုင်အဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အနီးနားက ကလေးငယ်တဦး ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဝအုပ်စု ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဝင်းနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်တို့ အတူကားမောင်းပြန်လာတဲ့အချိန် အမည်မသိအဖွဲ့က ဘေးကပ်လျက် ကားမောင်းလာပြီး သေနတ်နဲ့ တရစပ်ပစ်ခတ်လို့ အုပ်ချုပ်ရေးမှူးနှစ်ယောက်လုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို လမ်းဘေးခြံထဲ ဆော့ကစားနေတဲ့ အသက် ၈ လအရွယ် ကလေးငယ်လည်း ဦးခေါင်း ကျည်ဆန်ထိမှန်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတယောက်က ပြောပါတယ်။

ဦးခေါင်းကျည်ဆန်ထိမှန်တဲ့ ကလေးငယ်ကို အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှုကူညီရေးအသင်းက နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို အချိန်မီ ပို့ဆောင်ပေးခဲ့ပေမဲ့ ညနေ ၃ နာရီမှာတော့ ဆုံးပါးသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးတဲ့အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုပစ်ခတ်မှုကို ဘယ်အဖွဲ့က ဆောင်ရွက်တယ်ဆိုတာကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သလို ဒေသတွင်းအဖွဲ့အစည်းတွေကလည်း အခုပစ်ခတ်မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013