DVB Logo
Home
မြန်မာသတင်း
မြောက်ဦး ၅၄၀ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်များဖြင့် ထွက်ပြေး
DVB
·
January 18, 2023
မြောက်ဦး ၅၄၀ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်များဖြင့် ထွက်ပြေး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ၅၄၀ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး ဇန်နဝါရီ ၁၆ ရက် ညက လက်နက်တွေနဲ့ ထွက်ပြေးသွားတယ်လို့ မြောက်ဦးဒေသခံတွေက အတည်ပြု ပြောပါတယ်။

“ထွက်ပြေးသွားကြတဲ့ တပ်သားတွေရဲ့ နာမည်နဲ့ ရာထူးကိုတော့ အတိအကျ မသိရသေးဘူးဗျ။ ​တပ်တွင်းသတင်းအရကတော့ ၅၄၀ တပ်ရင်းက စစ်သား ၃ ဦး လက်နက်အပြည့်အစုံနဲ့ မနေ့က ထွက်ပြေးသွားတယ်လို့ အတိအကျ ​ပြောကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ထွက်ပြေးသွားသူ ၃ ဦးကို စစ်တပ်က မြောက်ဦးမြို့ထဲမှာ စစ်ကားတွေနဲ့ လိုက်ရှာနေပြီး စစ်ဆေးရေးဂိတ်တွေမှာလည်း အသေးစိတ် စစ်ဆေးနေကြောင်း ဒေသခံ ကားသမားတွေက ပြောပါတယ်။

“မြို့ကိုပတ်ပြီး စစ်ကားတွေနဲ့ လိုက်ရှာနေကြတာ တွေ့ရတယ်။ လင်းမြွေတောင်ထက်က စစ်သားတွေလည်း ကားလမ်းမကိုဆင်းပြီးတော့ စစ်ဆေးနေတာတွေ ရှိနေတယ်” လို့ ကားသမားတဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ကလည်း မြောက်ဦးအခြေစိုက် ၃၇၈ တပ်ရင်းမှ တပ်ကြပ်ကျော်သန့်စင် ဟာ တပ်တွင်းမှာ အရာရှိစစ်ဗိုလ် ၃ ဦးနဲ့ စကားများ ရန်ဖြစ်ပြီး ထွက်ပြေးသွားခဲ့တာ ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အလွတ်သဘော အပစ်အခတ် ရပ်စဲထားကြပေမဲ့ စစ်ကောင်စီတပ်အတွင်း ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေသလို အထက်အရာရှိတွေရဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို တပ်ပြေးတွေ တရက်တရက် များလာနေကြောင်း ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခကတော့ ပဥ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီတပ်သားအရေအတွက် ရာနဲ့ချီပြီး အေအေဘက်ကို ခိုလှုံလာနေတာရှိကြောင်း ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013