DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်၊ Brave Brothers Local PDF ခေါင်းဆောင် မိုင်းနင်းမိပြီး ကျဆုံး
DVB
·
January 17, 2023
ဆားလင်းကြီးတွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်၊ Brave Brothers Local PDF ခေါင်းဆောင် မိုင်းနင်းမိပြီး ကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၁၇ ရက် မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို မီးရှို့နေတာကြောင့် အခုလို တိုက်ပွဲဖြစ်ပွားရတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ဆာတုံးရွာအနီးမှာ ဖြစ်တာဗျ။ သူတို့ဘက်က အင်အား ၅၀ လောက် ပါမယ်။ ရွာတွေကို လိုက်ပြီး မီးရှို့နေလို့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာဗျ။ သူတို့ဘက်က အကျအဆုံးများတော့ မုံရွာ နမခကနေ MI 35 ရဟတ်ယာဉ်နဲ့ ၄၅ မိနစ်လောက် ပစ်ကူပေးတယ်။ လေကြောင်းပစ်ကူကို ကာဗာယူပြီး စစ်ကြောင်း နောက်ပြန်ဆုတ်သွားတယ်ဗျ။ အထိအခိုက်ကတော့ များမယ်ဗျ။ အဲဒီလိုများလို့လည်း လေကြောင်းပစ်ကူနဲ့ လာပစ်တာ” လို့ DRPD အဖွဲ့ခေါင်းဆောင် ကိုလင်းနွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲကို ဒေသခံ တော်လှန်ရေးအင်းအားစုများ၊ DRPA၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ Black Shadow (DRPA တပ်ခွဲ ၄)၊ Black Vote Fighter LPDF၊ Salingyi Generation-Z PDF၊ Daung New Generation PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

အခုလို စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီက ဇန်နဝါရီလအတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၈ ရွာအထက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကုလားမကျေးရွာနားမှာ ဇန်နဝါရီ ၁၅ ရက် မနက်က စစ်ကောင်စီတပ်ရဲ့ မိုင်းနင်းမိ ဒဏ်ရာရရှိသွားပြီး ဆေးကုသမှု ခံယူနေတဲ့ ဒေသကာကွယ်ရေး ခေါင်းဆောင်တဦး ဇန်နဝါရီ ၁၆ ရက် မနက်မှာ ကျဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျဆုံးသွားသူက Brave Brothers Local PDF ရဲ့ ခေါင်းဆောင် အသက် ၂၄ နှစ်အရွယ် ဗိုလ်သံချောင်းဖြစ်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေက ရွာနယ်နိမိတ်ထဲကို ပိုပြီး တိုးဝင်လာတဲ့အတွက် ကာကွယ်ရေးအစီအစဉ်တွေ ဆောင်ရွက်ရင်း မိုင်းနင်းမိသွားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဘေးကလိုက်ပါလာတဲ့ ရဲဘော်တဦးလည်း မိုင်းစထိမှန်တဲ့ ဒဏ်ရာတွေ ရရှိသွားတယ်လို့ Brave Brothers LPDF ရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ပျူစောထီးတွေနေထိုင်တဲ့ ရွာတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကုလားမကျေးရွာနဲ့ လက်ကောက်ကျ ကျေးရွာတွေဟာ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခံနေရတာကြောင့် ဒေသခံတွေ နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်နေရတာ ၁ နှစ်ခွဲကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013