DVB Logo
Home
မြန်မာသတင်း
သံတွဲ ကျောက်ကြီးရွာ ဗုံးကြဲခံရမှု၌ ဒဏ်ရာရသူများအား ULA ငွေကြေးထောက်ပံ့
DVB
·
August 19, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာ လေကြောင်းဗုံးကြဲခံရမှုမှာ ထိခိုက်ဒဏ်ရာရရှိ သွားသူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ HDCO တို့ ပူးပေါင်းပြီး ငွေကြေးထောက်ပံ့မှု ဩဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့တယ်လို့ ULA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်အာဏာရှင်တပ်က ဩဂုတ် ၁၀ ရက်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူဦးရေ ၂၀ စာအတွက် ကျပ်ငွေ ၁၁၅ သိန်းကျပ်ကို အသီးသီး ထောက်ပံ့ခဲ့တယ်လို့ ULA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ULA နဲ့ နီးစပ်သူ အမျိုးသားတယောက်က “ပထမဆုံး ဆေးကုသမှု ခံယူနေကြတဲ့သူတွေကို ဦးစားပေး ထောက်ပံ့ပေးထားတာပါ။ အသေးစား ဒဏ်ရာရရှိသူ ၁၇ ဦးနဲ့ အလတ်စား ထိခိုက် ဒဏ်ရာရရှိသူတွေကို ဆေးကုသရာမှာ အထောက်အပံ့ဖြစ်နိုင်ဖို့ ဦးစားပေး ထောက်ပံ့ပေးထားတာ။ အသက်သေဆုံးသွားသူတွေနဲ့ နေအိမ်ပျက်စီးသွားသူတွေကိုလည်း ထပ်မံထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားဖို့ အစီအစဉ်တွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ကျောက်ကြီးကျေးရွာ ဗုံးကြဲမှုမှာ ထိခိုက်ဒဏ်ရာ ရရှိသွားသူတွေထဲက အသေးစိတ် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၇ ယောက်ကို တယောက် ကျပ်ငွေ ၅ သိန်းနှုန်းနဲ့ ၈၅ သိန်း ထောက်ပံ့ပေးခဲ့ပြီး အလတ်စား ထိခိုက်ဒဏ်ရာရရှိသူ ၃ ယောက်ကို တယောက် ကျပ် ၁၀ သိန်းနှုန်းနဲ့ ကျပ်ငွေ သိန်း ၃၀ စုစုပေါင်း ၁၁၅ ယောက်ကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ကျောက်ကြီးကျေးရွာကို စစ်အာဏာရှင်တပ်က လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့မှု အတွင်း သေဆုံးသူ ၁၆ ယောက်အထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ နဲ့ နေအိမ် ၂၁ ဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။

သံတွဲမြို့နယ်အတွင်းကို ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်လာသလို ဒဏ်ရာရရှိသူ တွေဟာလည်း အများအပြားရှိနေတာကြောင့် ငွေကြေးထောက်ပံ့မှု ပြုလုပ်ပေးတာဟာ ထိခိုက်နစ်နာသူတွေအတွက် အထောက်အပံ့တခုခု ဖြစ်စေတယ်လို့ သံတွဲဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

“သံတွဲမှာ ဗုံးကြဲမှုတွေက နေ့တိုင်းနီးပါးကို ဖြစ်ပွားနေတော့ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးမှု တွေက ဆက်တိုက်ရှိနေတာဖြစ်တယ်။ ဆေးရုံတက် ဆေးကုသနေကြရသူတွေကလည်း အများကြီးပဲ။ အခုလို ပါတီဘက်က ငွေကြေးထောက်ပံ့ပေးတော့ ထိခိုက်နစ်နာသူတွေအတွက် အထောက်အပံ့ ဖြစ်စေတာတော့ အမှန်ပဲ။”

သံတွဲခရိုင်အတွင်းမှာ ဇူလိုင်လနဲ့ ဩဂုတ်လ ပထမ လဝက်အတွင်းမှာ စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား သေဆုံးသူ ၃၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၂ ယောက်အထိ ရှိပါတယ်။

စစ်အာဏာရှင်တပ်က အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်တွေကို နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်လာနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ ဆက်တိုက်မြင့်တက်လာနေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013