DVB Logo
Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးနှိပ်စက်
DVB
·
January 16, 2023
ကြာအင်းဆိပ်ကြီးတွင်  စစ်ကောင်စီတပ်က  ခရီးသွားပြည်သူ ၁၀ ဦးခန့်ကို  ဖမ်းဆီးနှိပ်စက်
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာကျေးရွာနားမှာ ဇန်နဝါရီ ၁၄ ရက်  မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ခိုးယူထားတဲ့ပစ္စည်းတင်ကား ၄ စီးကို တော်လှန်ရေးတပ်ဖွဲ့က  သိမ်းဆည်းသွားပြီးနောက်  ရွာသား ၁၀ ယောက်လောက်ကို  စစ်ကောင်စီက ဖမ်းဆီးရိုက်နှက် စစ်ဆေးခဲ့တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။

တောင်စွန်း၊ ဆင်ပြေး၊ ခုံခံ၊ သံပုရာ၊ ကိုရောင်ကျေးရွာက ဈေးရောင်းဈေးဝယ်တွေနဲ့ ခရီးသွားပြည်သူတွေကို သံပုရာကျေးရွာအဝင်မှာ ကင်းပုန်းဝပ်စခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့လို့  ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာပါ။

တောင်စွန်းကျေးရွာမှာ တပ်စွဲထားတဲ့ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ ၂၈၄ နဲ့ အမှတ် ၁ဝ၂၂ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်ဖွဲ့တွေက စစ်ပြေးရှောင်ပြည်သူတွေရဲ့ နေအိမ်ကနေ သိမ်းယူထားတဲ့ သစ်မျိုးစုံနဲ့ ခိုးယူထားတဲ့ပစ္စည်းတွေကို အနန်းကွင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီဗျူဟာကို ပို့ဆောင်ခိုင်းခဲ့တာပါ။

ခိုးယူထားတဲ့ပစ္စည်းတင်အရပ်ကား ၄ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်သိမ်းဆည်းသွားလို့ အခုလိုခရီးသွားပြည်သူတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတာဖြစ်ပြီး  ညနေ ၅ နာရီလောက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မျက်မြင်ဒေသခံပြည်သူတစ်ဦးက “လမ်းဖြတ်သွားတဲ့ မြင်သမျှ ယောကျာ်း မိန်းမ အကုန်ဖမ်းပြီး လက်ပြန်ကြိုးတုပ် ဝါးလုံးနဲ့လည်းရိုက်တယ်။ သေနတ်နဲ့လည်း ခေါင်းကိုရိုက်တယ်။  ကန်တာတွေကောစုံနေတာပဲ။ ပြန်လွတ်လာတော့ မြင်ရက်စရာမရှိဘူး။ အကုန်လုံးသွေးသံရဲရဲနဲ့။ လူမဆန်အောင် ရိုက်နှက်ထားတာ"လို့ ပြောပါတယ်။ 

စစ်ကောင်စီပူးပေါင်းတပ်တွေဟာ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့တပ်စခန်းကို  ပြန်လည်ပြုပြင်ဖို့အတွက် ကျေးရွာတွေကနေ သစ်၊ ဝါး၊ ခြံစည်းရိုးတိုင်တွေကို အဓမ္မတောင်းယူပြီး စခန်းအရောက်ပို့ဆောင်ခိုင်းထားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

နယ်မြေအတွင်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေလို့ ခရီးသွားပြည်သူတွေ ခရီးသွားလာချိန်မှာ အလွန်အန္တရာယ်ရှိတာကြောင့် ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းကို ဇန်နဝါရီ ၁၆  ရက်မှ ၂၃ ရက်အထိ အခုသတင်းပတ်အတွင်း ခရီးသွားလာတာမလုပ်ကြဖို့ ကေအန်ယူ ဒူးပလာယာခရိုင်က ပြည်သူတွေကို သတိပေးထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃၁ ရက်က KNLA မဟာမိတ်ပူးပေါင်းအဖွဲ့က ဘုရားသုံးဆူမြို့နယ်၊ တောင်စွန်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတွေကို  စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ  ဇန်နဝါရီ ၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

နယ်ခြားစောင့် BGF တပ်စခန်း နှစ်ခုကို KNLA မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီပူးပေါင်းတပ်ဘက်က သေဆုံးသူ ၁၀၀ နီးပါးရှိပြီး လက်နက်တွေပါသိမ်းဆည်းခံခဲ့ရသလို KNLA မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013