DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦး ပစ်သတ်ခံရ
DVB
·
January 15, 2023
ကျိုက်ထိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦး ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးအပါအဝင် ၃ ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီလောက်က ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းဘုရားကိုးဆူအနီးမှာ မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းကို အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၄၇ နှစ်အရွယ် ဦးအောင်ထွန်းဟာ နဖူးကျည်ထိမှန် ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းဟာ အရင် မရမ်းချောင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ထပ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တဦးဖြစ်ပြီး အုပ်ချုပ်ရေးမှူးဖြစ်တာ ၅ လလောက်သာ ရှိသေးတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ည ၈ နာရီကလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကဒက်ချောင်းတံတားထိပ်နေ ဆယ်အိမ်မှူး ဦးပေါ်ထွန်း နေအိမ်ကို အမည်မသိ သေနတ်သမား ၄ ဦး ရောက်လာပြီးနောက် ဦးပေါ်ထွန်းနဲ့ စကားထိုင်ပြောနေတဲ့ ဒေသခံ ကိုဇော်မင်းတို့ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၄၃ နှစ်အရွယ် ဆယ်အိမ်မှူး ဦးပေါ်ထွန်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ အသက် ၃၅ နှစ်အရွယ် ကိုဇော်မင်းမှာ နဖူးပွင့်ထွက်ဒဏ်ရာတွေနဲ့ အခင်ဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအပါအဝင် စစ်တပ် သတင်းဒလန် ၂၀ ထက်မနည်း ရှင်းလင်းခံထားရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013