
အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင် မို့ဂ်ျတာဘာခါမေနီက သြဂုတ် ၁၀ ရက်မှာ တော်လှန်ရေးအစောင့်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ရာထူးအသစ် ၆ နေရာကို ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး အလီအဗ်ဒူလာဟီကို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အရင်ကြည်းတပ် မြေပြင်တပ်ဖွဲ့တွေရဲ့ တပ်မှူး ကီယိုမာ့စ် ဟေးဒါရီ ကိုတော့ သူ့ရဲ့ လက်ထောက်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ် အာမဒ်ဗာဟီဒီကိုတော့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်ရာထူးကို တိုးမြှင့်ပေးလိုက်တယ်လို့ မို့ဂျ်တာဘာရဲ့ လူမှုမီဒီယာအကောင့်တွေမှာ ဖော်ပြပါတယ်။
ခါတမ် အယ်လ်အန်ဘီယာ ဗဟိုဌာနချုပ်ရဲ့ ဆိုက်ဘာနဲ့ ခြိမ်းခြောက်မှုအသစ်များဆိုင်ရာဌာန တပ်မှူးဟောင်း မိုစတာဖာအီဇာဒီကို IRGC ရဲ့ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး အလီအက်ဇ်မာအီကို IRGC ရေတပ်ရဲ့ စစ်ဦးစီးချုပ်အဖြစ် တရားဝင် ခန့်အပ်ခဲ့ပြီး IRGC ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ဩဇာကြီးမားတဲ့ အကြီးအကဲဟောင်း ဟိုစိန်တဘ်ကိုတော့ ဘာဆစ်ဂျ် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ခါမေနီဆီကနေ ထုတ်ပြန်ထားတဲ့ ခန့်အပ်မှုအမိန့်တွေ မပါဘဲ IRGC နဲ့ ရေတပ်ရဲ့ တပ်မှူးတွေအဖြစ် အသီးသီး လူသိရှင်ကြား တင်ပြပြီးသားဖြစ်တဲ့ ဗာဟီဒီနဲ့ အက်ဇ်မာအီတို့ရဲ့ ရာထူးတွေကို ဒီအမိန့်တွေက တရားဝင် အတည်ပြုပေးပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စစ်ပွဲစတင်ချိန်ကစပြီး အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လစ်လပ်သွားတဲ့ အလွန်အရေးပါတဲ့ ရာထူးနေရာတချို့ကို ဒီအမိန့်တွေက ဖြေရှင်းပေးပါတယ်။
အဗ္ဗဒိုလာဟီက စစ်ပွဲရဲ့ အဖွင့်နေ့က တိုက်ခိုက်မှုတွေကြောင့် ကာကွယ်ရေးဝန်ကြီး အဇစ် နာဆာဇာဒက်နဲ့အတူ ကျဆုံးခဲ့တဲ့ အဗ္ဗဒိုရာဟင် မူဆာဗီရဲ့ နေရာကို အစားထိုးခဲ့ပါတယ်။
သူဟာ စစ်ပွဲအတွင်း အီရန်လက်နက်ကိုင် တပ်ဖွဲ့တွေကို ညှိနှိုင်းဖို့ တာဝန်ရှိတဲ့ ပူးတွဲ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဖြစ်တဲ့ ခါတမ် အယ်လ်အန်ဘီယာ ဗဟိုဌာနချုပ် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Source: Reuters










