DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်း စစ်အုပ်စုက ၃ ရက်အတွင်း လက်နက်ကြီး အလုံး ၄၀ နီးပါး ပစ်ခတ်
DVB
·
January 15, 2023
ကေအန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်း စစ်အုပ်စုက ၃ ရက်အတွင်း လက်နက်ကြီး အလုံး ၄၀ နီးပါး ပစ်ခတ်
Donate to DVB

ကေအန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေထဲက ကျေးရွာတွေကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၃ ရက်အတွင်း လက်နက်ကြီးအလုံး ၄၀ နီးပါးပစ်ခတ်ခဲ့တဲ့အပြင် ဒရုန်းနဲ့လည်း ဗုံးသီး ၄ လုံးထက် မနည်းပစ်ချခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၃ ရက်အထိ စစ်ကောင်စီတပ်အခြေစိုက်စခန်းဖြစ်တဲ့ ခမရ(၃၅၁)/ခလရ(၆၀)တပ်တွေက ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေထဲက ကျေးရွာတွေဖြစ်တဲ့ နောင် ကုန်း၊ တမာခေါ၊ တောင်စု (ရှေ့,နောက်)၊ သပြေကုန်း၊ မျက်ရဲ(ဗမာ) ကျေးရွာတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် စပါးကျီ ၂ လုံး လည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က မျက်ရဲ(ဗမာ) ကျေးရွာထဲကို ဝင်ရောက်ပစ်ခတ်ရာမှာ ဒေသခံပြည်သူ ၁ ယောက် သေနတ်ထိမှန်သေဆုံးခဲ့ရပြီး လက်နက်ကြီး ထိမှန်မှုကြောင့်လည်း နောက်ထပ်ပြည်သူ ၁ ယောက်သေဆုံးခဲ့ရတယ်လို့ ကေအန်ယူ(ဗဟို) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် လတ်တလောအချိန်ထိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အဆိုပါကျေးရွာအိမ်ခြေပေါင်း ၂၈၇ အိမ်က လူဦးရေ စုစုပေါင်း ၁၆၁၆ ယောက်လောက် ရှိခဲ့ပြီး နေထိုင်ရာကျေးရွာ တွေထဲ ပြန်နေကြတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်ဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး၊ လူမှုရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေရော၊ မြေပြင်ထိုးစစ်တွေပါ ကျူးလွန်ခံရတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသမှာလည်း အကြမ်းဖက်စစ်ကောင်စီဟာ မင်းမဲ့စရိုက်ဆန်ဆန် အရပ်သားပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ခိုးဆိုးလုယက်မှုတွေကိုပါ အဓမ္မကျူးလွန်နေကြတာကြောင့် နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၁ သန်းခွဲကျော်ထိ ရှိလာနေပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတာကြောင့် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။

NUG အစိုးရကတော့ အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အထားရယူပြီးတော့ စနစ်တကျစာရင်းပြုစုကာ မှတ်တမ်းတင်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013