DVB Logo
Home
မြန်မာသတင်း
ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ တပ်ပိုင်မြေနေရာကို ကွန်ဒိုဆောက်လုပ်ပြီး NUG က ရောင်းချမည်
DVB
·
January 15, 2023
ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ တပ်ပိုင်မြေနေရာကို ကွန်ဒိုဆောက်လုပ်ပြီး NUG က ရောင်းချမည်
Donate to DVB

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်က ၁၀၆ အကြမ်းဖက် တပ်ပိုင်မြေနေရာကို အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ကွန်ဒိုမီနီယမ်တိုက်ခန်းတွေ ဆောက်လုပ်ပြီး ရောင်းချသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါဟာ NUG အစိုးရက စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး အစီအစဉ်ကနေ “Spring Valour Condominium Apartments (ရဲရင့်နွေဦး)အဖြစ် ဆက်လက်ပြီးတော့ တော်လှန်ရေးရဲ့ အထူးလိုအပ်နေတဲ့ ဘဏ္ဍာရံပုံငွေတွေ အမြန်ဖြည့်ဆည်းနိုင်ဖို့ ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“မတရားအာဏာသိမ်းခဲ့ကြတဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ တိုင်းပြည်ကို သူတို့ပိုင် ပစ္စည်းလိုသဘောထားပြီး ရန်ကုန်မြို့တော်ကြီးမှာ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ မြေနေရာတွေကို အပိုင်စီးခဲ့ကြပါတယ်။ ဒါ တင်မက ပြည်သူ့ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ပြီး နန်းတော်ကြီးတမျှ ခမ်းနားတဲ့ အိမ်ကြီးတွေဆောက်၊ သားစဉ်မြေးဆက် စံစားနိုင်ဖို့ အားထုတ်ခဲ့ကြတယ်။ မတရားယူခဲ့တဲ့ နေရာကောင်းတွေမှာ အဆင့်အ တန်းမြင့်တဲ့ Condominium တွေ၊ အိမ်ယာတွေ တည်ဆောက်ပြီး အချင်းချင်း ခွဲ‌ဝေအပိုင်စီးခဲ့ကြတာကို ခေတ်အဆက်ဆက်မှာ ပြည်သူတွေ ကြုံတွေ့ခဲ့ပြီးပါပြီ။ နေရာကောင်းမှာ အဆင့်အတန်းမီမီ နေချင်ကြတဲ့ ပြည်သူတွေဟာ ထိုထိုသော အာဏာရှင်တွေနဲ့ လက်ပါးစေတွေ လက်ထဲကနေ တန်ဖိုးမှန်ထက် စျေးကြီးပေးပြီး အဆင့်ဆင့် ဝယ်ယူခဲ့ကြရတယ်။ မိမိတို့ရဲ့ ချွေးနဲစာကို အာဏာရှင်တွေစိတ်တိုင်းကျ ဂုတ်သွေးစုပ် ခံကြရတယ်။ ၂၀၂၁ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင် အဆက်ဆက်ရဲ့နိဂုံး။ စစ်အာဏာရှင်တွေကို မွေးထုတ်ပေးတဲ့ မတရားဂုတ်သွေးစုပ်ပြီး ကြီးပွါးချမ်းသာခြင်းဆိုတဲ့ အရိုးစွဲဓလေ့အားလုံးကို အဆုံးသတ် ပေးမယ့် ပွဲပါ။”

Spring Valour Condominium Apartments (ရဲရင့်နွေဦး) စီမံကိန်းကတော့ အချက်အခြာကျတဲ့ မြေနေရာဖြစ်တဲ့အတွက် တော်လှန်ရေးကာလ အလွန်မှာ စီးပွါးရေး အဆင့်မြင့် အဆောက်အဦးတွေ၊ Hotels, Business Centres စတာတွေကို ဆက်စပ် ဖေါ်ဆောင်သွားဖို့ ရည်ရွယ်ထားပြီး တော်လှန်ပြည်သူတွေအတွက် နွေဦးအလွန်ကာလမှာ ဖေါ်ဆောင်ပေးမယ့် “Innya Walk” နဲ့လည်း ဆက်စပ်တည်ရှိနေတဲ့ နေရာ ဖြစ်ပါတယ်။

Studio၊ 1-Bedroom၊ 2-Bedroom နဲ့ 3-Bedroom အခန်းတွေနဲ့ ဖွဲ့စည်းရောင်းချပေးသွားမယ့် ကွန်ဒိုမီနီယမ်တိုက်ခန်းဈေးနှုန်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၈,၇၅၀၊ ၂၄,၀၀၀၊ ၃၁,၅၀၀ နဲ့ ၄၀,၅၀၀ စီ အသီးသီးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီမတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း ရောင်းချခဲ့တာဖြစ်ကာ ရန်ကုန်မြို့က နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ်စီမံကိန်း-သံသုမာတွေ၊ မန္တလေးမြို့က နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment တွေကိုလည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013