DVB Logo
Home
မြန်မာသတင်း
ပုလဲ၊ယင်းမာပင်နှင့်ဆားလင်းကြီးမှ စစ်ရှောင် ၇၀၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်
DVB
·
January 14, 2023
ပုလဲ၊ယင်းမာပင်နှင့်ဆားလင်းကြီးမှ စစ်ရှောင် ၇၀၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ မီးရှို့ခံ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးနယ်ထဲက စစ်ဘေးရှောင်ပြည်သူ ၇,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတာကြောင့် ထောက်ပံ့ကူညီပေးကြဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းမှာတော့ စစ်​ရှောင်တ​​ယောက်အတွက် ၅ ရက်စာ စားစရိတ်ဖြစ်တဲ့ ငွေကျပ် ၁၉,၅၀၀ က​နေစပြီး ၅ ​ယောက်တတ်နိုင် ၅ ​ယောက်၊ ၁၀ ​ယောက်တတ်နိုင်ရင် ၁၀ ​ယောက်စာ ကူညီ​ပေးကြ​စေလိုတယ်လို့ Western Chindwin Association (WCA) က ပြောပါတယ်။

“လက်နက်ကိုင် တော်လှန်ရေးမှာ ကူဖို့ကို အကုသိုလ်ဖြစ်မှာစိုးလို့ တွန့်ဆုတ်နေကြသူများ ဒီလိုအစီအစဥ်တွေမှာ ပါဝင်ကုသိုလ်ယူနိုင်ပါတယ်။ မိဘပြည်သူများအနေဖြင့် ရေများရာ မိုးရွာတဲ့ခေတ်ထဲ မိုးခေါင်ရေရှား ရပ်ဝန်းဖြစ်တဲ့ အညာဒေသအတွက် “ရောက်ရာအရပ်ကနေ ရေအဖြစ် လှမ်းမပေးနိုင်တဲ့အခါ မှီရာအရပ်ကနေ မိုးအဖြစ်ရွာချပေးဖို့” တတ်နိုင်တဲ့ပမာဏကို ကူညီထောက်ပံ့ရင်း မေတ္တာများစွာပါဝင်ကြောင်း ပြသလိုက်ရအောင်ခင်ဗျာ။”

ဒီကမ်ပိန်းကိုတော့ လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့အထိ ၅ ရက်သာ ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်ကူညီလှူဒါန်းလိုသူတွေအနေနဲ့ Western Chindwin Association (WCA) ရဲ့ Messenger အပြင် CDM Medical Network Page ကတဆင့်လည်း ဆက်သွယ်ကူညီလှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်ဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး၊ လူမှုရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေရော၊ မြေပြင်ထိုးစစ်တွေပါ ကျူးလွန်ခံရတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသမှာလည်း အကြမ်းဖက်စစ်ကောင်စီဟာ မင်းမဲ့စရိုက်ဆန်ဆန် အရပ်သားပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် ခိုးဆိုးလုယက်မှုတွေကိုပါ အဓမ္မကျူးလွန်နေကြတာကြောင့် နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၁ သန်းခွဲကျော်ထိ ရှိလာနေပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတာကြောင့် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။

NUG အစိုးရကတော့ အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အထားရယူပြီးတော့ စနစ်တကျစာရင်းပြုစုကာ မှတ်တမ်းတင်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013