DVB Logo
Home
မြန်မာသတင်း
မြန်မာ့တော်ဝင်နဂါးတပ်တော်က 338 စနိုက်ပါဝယ်ယူရန် ကမ်ပိန်းပြုလုပ်
DVB
·
January 14, 2023
မြန်မာ့တော်ဝင်နဂါးတပ်တော်က 338 စနိုက်ပါဝယ်ယူရန် ကမ်ပိန်းပြုလုပ်
Donate to DVB

မြန်မာ့တော်ဝင်နဂါးတပ်တော်အတွက် 338 စနိုက်ပါဝယ်ယူနိုင်ဖို့ "ပေါက်ရင်စိန်နဲ့ ရွှေဘယက်ယူ မပေါက်ရင် 338 ကူ” ကမ်ပိန်းကို ဇန်နဝါရီ ၅ရက်နေ့ကစတင်ပြုလုပ်နေတယ်လို့ ဘဏ္ဍာရေးနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကပြောပါတယ်။ 

"ပေါက်ရက်စိန်နဲ့ဘယက်ယူ မပေါက်ရင် 338 ကူ" ကမ်ပိန်းကို ဇန်နဝါရီ ၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ပထမအပတ်ထိပြုလုပ်သွားမှာဖြစ်ပြီး ဒီနေ့ထိ ticket ရဲ့ ၂၅ရာခိုင်နှုန်းသာ ရောင်းချရသေးတယ်။” 

ဆက်လက်ပြီး ကိုဖြိုးက "338 စနိုက်ပါ ဝယ်ယူဖို့ပရောဂျက်ပါ။ သူက တလက်ကိုသိန်း ၄၅၀ လောက်ရှိတယ်။ ကျနော်တို့ တစောင်ကို တသောင်းနှုန်းနဲ့ အစောင်ရေ ၄၅၀၀ လောက်အထိ ရောင်းချသွားဖို့ရှိပါတယ်" လို့ ပြောပါတယ်။

338 စနိုက်ပါဖိုးတင် သိန်း ၄၅၀ ဝန်းကျင်ကုန်ကျမှာဖြစ်ပြီး ကျည် တတောင့်ကို ၁ သိန်းကျပ် ကုန်ကျမှာ ဖြစ်တာကြောင့် အခုလို ကမ်ပိန်းပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ 

စနိုက်ပါကောင်း တလက်ရှိရင် စစ်ကြောင်း တကြောင်းကို ကောင်းကောင်းထိန်းနိုင်တာကြောင့် အခုလို စနိုက်ပါဝယ်ယူဖို့ ကမ်ပိန်းပြုလုပ်တာဖြစ်​ကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်း ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013