DVB Logo
Home
မြန်မာသတင်း
သရက်နှင့် မင်းတုန်းမြို့နယ်များက လဝကရုံးများ မိုင်းခွဲ တိုက်ခိုက်ခံရ
DVB
·
January 14, 2023
သရက်နှင့် မင်းတုန်းမြို့နယ်များက လဝကရုံးများ မိုင်းခွဲ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း သရက်နဲ့ မင်းတုန်းမြို့နယ်တွေမှာ ဇန်နဝါရီ ၁၃ ရက် ညနဲ့ ၁၄ ရက် မနက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆောက်အအုံ အစိတ်ပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ လင်းယုန်တပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ သရက်မြို့နယ် လဝကရုံးအား ဇန်နဝါရီ ၁၃ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်မှာ  တကြိမ် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပြတင်းပေါက်မှန်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ ပူးပေါင်း ပ.က.ဖ လင်းယုန်တပ် ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ဒါ့အပြင် မင်းတုန်းလဝကရုံးကိုလည်း ဇန်နဝါရီ ၁၄ ရက် မနက် ၄ နာရီကျော်လောက်မှာ ၂ ကြိမ် မိုင်းခွဲ တိုက်ခိုက်ခဲ့လို့ ရုံးရဲ့ခေါင်မိုးတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို အလိမ်ညာ ရွေးကောက်ပွဲကို အသိမှတ်မပြု လက်မခံကြောင်း ပြသတာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲအတုကို လက်မခံကြဖို့နဲ့ သွေမအေးကြဖို့ သတိပေးချင်တယ်လို့ ​လင်းယုန်တပ် က ပြောပါတယ်။

မကွေးတိုင်းအတွင်းက မြိုင်မြို့နယ်နဲ့ ရေစကြို မြို့နယ်တွေမှာလည်း ဇန်နဝါရီ ၃ ရက်နဲ့ ၁၂ ရက် တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013