DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် သကျက်တောရဲကင်းစခန်းက တပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာ
DVB
·
January 14, 2023
လောင်းလုံးမြို့နယ် သကျက်တောရဲကင်းစခန်းက တပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ ရဲကင်းစခန်းက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းမှာ စခန်းကိုစွန့်ခွာပြီး ရေလမ်းကနေ ထွက်သွားကြတယ်လို့ သကျက်တောရွာခံတွေက ပြောပါတယ်။

သကျက်တောရွာခံ လူငယ်တဦးက "စခန်းမှာ တံခါးတွေတော့ပွင့်နေတယ်၊ လူကတယောက်မှမရှိတော့ဘူး။ စခန်းအပြင်က ဆိုင်းဘုတ်တွေကိုလည်း ဆေးသုတ်ပြီး ဖျက်ပစ်ခဲ့တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

သကျက်တောရဲကင်းစခန်းမှာ အရင်က ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးလောက်ရှိပြီး ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းကတော့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၂၀ လောက် ရေလမ်းကနေ ထပ်ရောက်လာတာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက သကျက်တော ရဲကင်းစခန်းက တပ်ဖွဲ့ဝင် ၂ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တာခံရလို့ ၁ ဦးသေဆုံးပြီး ရဲစခန်းကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ သကျက်တောရဲကင်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီလောက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013