DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ စစ်ကောင်စီ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ(ရုပ်သံ)
DVB
·
January 14, 2023
လွိုင်ကော်မြို့ စစ်ကောင်စီ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ(ရုပ်သံ)
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်မှာ ပြီးခဲ့တဲ့ လပိုင်းတုန်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(လွိုင်ကော်) Loikaw PDF နဲ့ Falcon Wings တို့ ပူးပေါင်းပြီးတော့ ပြုလုပ်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေး ရုပ်သံမှတ်တမ်းတခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ထားပါတယ်။

ဒီစစ်ဆင်ရေးကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှာ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့က ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒ.က.စ လွိုင်ကော်)ကို ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါစစ်ဆင်ရေးမှာ ဒ.က.စ -  လွိုင်ကော်က အဆောက်အဦးတခု ထိခိုက်ပျက်စီးခဲ့ပြီး ရန်သူတပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ Falcon Wings ဒရုန်းတပ်ဖွဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၁၂၅ ကြိမ် တိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Falcon Wings ဒရုန်းအဖွဲ့ဟာ ကရင်နီ‌ဒေသတော်လှန်ရေးအင်အားစုတွေနဲ့ ပူးတွဲပြီးတော့ ဒရုန်းစစ်ဆင်ရေးတွေ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိနေတာမို့ မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ် ကောင်စီ တပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားတဲ့ စစ်‌ရေးပစ်မှတ်နေရာတွေနဲ့ လှုပ်ရှားသွားလာတတ်တဲ့ နေရာတွေ အနားကို သွားရောက်ခြင်းမပြုကြဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဝင်ရောက်ပူးပေါင်းခြင်းမပြုကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013