DVB Logo
Home
မြန်မာသတင်း
မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်
DVB
·
January 13, 2023
မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်
1 / 5
Donate to DVB

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု အမှတ် ၄ လမ်းမပေါ်ရှိ Grand Royal အရက်ချက်စက်ရုံမှာ ဒီနေ့ နေ့လယ် ၃ နာရီခွဲက မီးလောင်ပြီး Level 3 အဆင့် မီးငြှိမ်းသတ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Grand Royal အရက်ချက်စက်ရုံ ထမင်းစားဆောင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အရက်ဆီပေပါတွေပါ လောင်ကျွမ်းနေတယ်လို့ လိပ်ပုတ်ကျေးရွာနေသူတဦးက ပြောပါတယ်။

“ထမင်းစားဆောင်ကနေ စလောင်တာလို့ ကြားတယ်။ အခု မီးသတ်တွေရော ပရဟိတအဖွဲ့တွေ ဝိုင်းငြှိမ်းနေကြတယ်။ ထိခိုက်ဒဏ်ရာရတယ်လို့ မကြားဘူး။”

မီးလောင်မှုကို မှော်ဘီမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်ရာမြို့နယ်တွေက မီးသတ်ယာဥ်တွေ၊ အရန်မီးသတ်တပ်ဖွဲ့တွေနဲ့ ပရဟိတလူမှုရေးအသင်းတွေက Level 3 အဆင့်နဲ့ မီးငြှိမ်းသတ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။

“လတ်တလော ငြှိမ်းသတ်နေတုန်းဆိုတော့ ဘာမှပြောလို့မရသေးဘူး။ ဘယ်ကစလောင်လဲ ဆိုတာ မသိရသေးဘူး။”

မီးလောင်မှုဖြစ်နေတဲ့ Grand Royal စက်ရုံမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေလည်း ရောက်နေတယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ မီးလောင်မှု ၁,၅၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ၉၆ ဦးသေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရတဲ့အထဲမှာ ရန်ကုန်က ၂၂၄ ကြိမ် မီးလောင်မှုဖြစ်ပွားပြီး ၇ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

Photo - MFSD

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013