DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းက ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး အညာညီနောင်တပ်ပေါင်းစု ဖွဲ့စည်း
DVB
·
January 12, 2023
စစ်ကိုင်းက ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး အညာညီနောင်တပ်ပေါင်းစု ဖွဲ့စည်း
Donate to DVB

စစ်ကိုင်းတိုင်းထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသထဲက PDF တပ်ရင်းတွေ၊ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေနဲ့ စုစည်းမှု၊ ဆက်သွယ်မှုပိုင်းမှာ အားနည်းတဲ့အတွက်ကြောင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ Local PDF (LPDF) အဖွဲ့ ၁၅ ဖွဲ့ပူးပေါင်းပြီး အညာညီနောက်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်တယ်လို့ အညာညီနောင်တပ်ပေါင်းစု (Anya Brother LPDF Collective Force - ABCF) သတင်းနှင့်ပြန်ကြားရေးက သိရပါတယ်။

အညာညီနောင်တပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက “တပ်ပေါင်းစုရဲ့ ရည်ရွယ်ချက်ကတော့ အဓိက စုစည်းမှုအားနည်းနေတယ်၊ ဆက်သွယ်ရေးသတင်းပိုင်းလည်း အားနည်းနေလို့ အခုလို ဒေသစုံစုပြီး တပ်ပေါင်းစုဖွဲ့တာပါဗျ။ တပ်ပေါင်းစု အင်အားကတော့ လောလောဆယ် ၁၅ ဖွဲ့လောက် စုပေါင်းဖွဲ့စည်းထားပါတယ်။ အဖွဲ့အမည်တွေ ထုတ်ပြန်ပေးဖို့ ကတော့ ဘုတ်အဖွဲ့ကို တင်ပြပြီးရင် ကျနော်တို့ဘက်က တရားဝင် ထုတ်ပြန်ပေးသွားပါ့မယ်။ ထုတ်ပြန်တဲ့အချိန်ကြရင်လည်း နောင် ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေရယ်၊ ရည်ရွယ်ချက်တွေရယ်ကို တခါတည်း ထုတ်ပြန်ပေးမှာပါ” လို့ ပြောပါတယ်။

စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ ရည်ရွယ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပေမဲ့ အဖွဲ့တွေအကြား ပေါင်းစပ်ညှိုနှိုင်းချိတ်ဆက်မှုတွေ အထူးလိုအပ်နေတဲ့အတွက် ပိုအားကောင်းပြီး တပ်ပေါင်းစုတခု လိုအပ်နေတဲ့အတွက်ကြောင့် အခုလို ABCF ကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို တပ်ပေါင်းစု ဖွဲ့စည်းလိုက်တာက အားသားချက်တွေ အများကြီး ရှိလာနိုင်တယ်လို့လည်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“အညာညီနောင်တပ်ပေါင်းစု ဖွဲ့စည်းလိုက်တာရဲ့ အားသာချက်ကတော့ အများကြီး တွေ့ရပါတယ်။ အရင်ကလည်း ဒေသတွင်းအဖွဲ့တွေ စုစည်းတိုက်ကြပေမဲ့ တပ်ပေါင်းစုတခုကတော့ လိုတယ်။ လိုတယ်ဆိုတာက COC (chain of command) မှာကျ မလွယ်နိုင်ပါဘူး။ အခုလို တပ်ပေါင်းစုမှာကြတော့ Commander တဦးတယောက်တည်း ဆိုတော့ ပိုပြီးအားသာလာနိုင်ပါတယ်။”

အညာညီနောင်တပ်ပေါင်းစုကို ၂၀၂၃ ဇန်နဝါရီ ၁၂ ရက်မှာ စတင်ဖွဲ့စည်းလိုက်တာ ဖြစ်ကြောင်း အညာညီနောင်တပ်ပေါင်းစုရဲ့ သတင်းစာမျက်နှာမှာ ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013