DVB Logo
Home
မြန်မာသတင်း
NUG နှင့် ပြည်သူ့စစ်သားအဖွဲ့တို့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ရင်းများသို့ လက်နက်ထောက်ပံ့
DVB
·
January 12, 2023
NUG နှင့် ပြည်သူ့စစ်သားအဖွဲ့တို့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ရင်းများသို့ လက်နက်ထောက်ပံ့
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) တို့ဟာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနဲ့ ပြင်ဆင်ထောက်ပံ့ရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

NUG အစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကာ ပြည်သူ့ဘက် ရပ်တည်လာတဲ့ ပြည်သူ့စစ်သား၊ ရဲသားတွေနဲ့ စဥ်ဆက်မပြတ် လက်တွဲလုပ်ဆောင်နေသလို ပြည်သူ့ဘက်ရပ်တည်လာတဲ့ ပြည်သူ့စစ်သား၊ ရဲသားတွေထဲမှာလည်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့မှာ တိုက်ခိုက်ရေး၊ လေ့ကျင့်ရေး၊ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရေးနဲ့ ပြည်သူ့ရင်ခွင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

ခုလို ပြည်သူ့ဘက် ရပ်တည်လာသူတွေကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်ကြိုဆိုနေမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်သူနဲ့ မပူးပေါင်းနိုင်သေးသူတွေကိုလည်း အမာခံ သတင်းပေးပို့သူများ ဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်တာကြောင့် ပြည်သူ့ဘက် အမြန်ဆုံးရပ်တည်ဖို့၊ ဒါမှမဟုတ် အမာခံသတင်းပေးတွေအဖြစ် ရပ်တည်ဖို့ တိုက်တွန်းထားပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) အနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေက လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေဆီ လက်နက်တွေ ထောက်ပံ့ကူညီပေးနိုင်ခဲ့တာတွေကို ဖော်ပြထားတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

PHOTO-NUG-MOD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013