DVB Logo
Home
မြန်မာသတင်း
တရုတ်စစ်သင်္ဘောအုပ်စု ရန်ကုန်ရောက်
DVB
·
September 25, 2026
Photo: Xinhua
Photo: Xinhua
Donate to DVB

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရေတပ်စစ်သင်္ဘောအုပ်စုဟာ စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိပြီး ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ၅ ရက်ကြာ ရှိနေမယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

တရုတ်စစ်သင်္ဘောအုပ်စုထဲမှာ Tangshan အမည်ရ ဖျက်သင်္ဘော၊ Daqing အမည်ရ ဖရီးဂိတ်သင်္ဘောနဲ့ Taihu အမည်ရ ဘက်စုံသုံး ထောက်ပံ့ရေးသင်္ဘောတို့ ပါဝင်တာပါ။

အဆိုပါ စစ်ရေယာဉ်စု ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်လာချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဝန်ထမ်းတွေ၊ ဒေသခံ တရုတ်နွယ်ဖွား အသိုက်အဝန်းမှ ကိုယ်စားလှယ်တွေနဲ့ စစ်အာဏာရှင်တပ်က အရာရှိ၊ စစ်သည်တွေ အပါအဝင် လူအယောက်  ၃၀၀ ကျော်က ဆိပ်ကမ်းမှာ ကြိုဆိုခဲ့ကြပါတယ်။

ချစ်ကြည်ရေးခရီးစဉ်ကာလအတွင်း တရုတ်စစ်သင်္ဘောအုပ်စု အရာရှိတွေဟာ စစ်အာဏာရှင် အစိုးရနဲ့ စစ်တပ်ခေါင်းဆောင်ကို သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

တရုတ်-မြန်မာစစ်တပ် ၂ ခုရဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုတွေ၊ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှု၊ တရုတ်စစ်သင်္ဘောပေါ် လေ့လာကြည့်ရှုမှုနဲ့ ဧည့်ခံပွဲတွေ လုပ်ဆောင်မယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

အဆိုပါ တရုတ်ရေတပ် စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်က အေဒင်ပင်လယ်ကွေ့နဲ့ ဆိုမာလီယာ ကမ်းလွန်ပင်လယ်ပြင်မှာ လုံခြုံရေးအတွက် တာဝန်တွေ သွားရောက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီသင်္ဘောအုပ်စုဟာ အေဒင်ပင်လယ်ကွေ့မှာ တာဝန်ထမ်းဆောင်ပြီးနောက် တရုတ်နိုင်ငံကို ပြန်အလာ ဘင်္ဂလားဒေ့ရှ်ကနေတဆင့် မြန်မာနိုင်ငံ လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

Source: Xinhua

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013