DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် လူဦးရေစာရင်းကောက်၊ ချင်းတွင်းမြစ်အတွင်း စစ်တပ်စက်လှေ တိုက်ခိုက်ခံရ
DVB
·
January 12, 2023
မုံရွာတွင် စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် လူဦးရေစာရင်းကောက်၊ ချင်းတွင်းမြစ်အတွင်း စစ်တပ်စက်လှေ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ လူဦးရေစာရင်း လိုက်လံကောက်ခံနေတယ်လို့ မြို့ပေါ်နေပြည်သူတွေဆီက သိရပါတယ်။

အခုလို လူဦးရေစာရင်း ကောက်ခံဖို့ရာ မြို့ပေါ်က အစိုးရဌာနတိုင်းက ဝန်ထမ်းတွေကို ခေါ်ယူခိုင်းစေတာတွေလည်း ရှိတယ်လို့ ဝန်ထမ်းအသိုက်အဝန်း သိရပါတယ်။

မုံရွာမြို့ခံတဦးက “ပထမ စကောက်တာက စစ်တပ်နဲ့နီးတဲ့ ရပ်ကွက်ကနေ စကောက်တယ်ဗျ။ ပထမဆုံး မြို့သစ်ရပ်ကွက်ကို ဇန်နဝါရီ ၉ ရက်နေ့က စကောက်တယ်။ စစ်သားတွေက ရပ်ကွက်တွေထဲကို ဆင်းပြီး အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ခံနေတယ်။ ပြီးတော့မှ လဝကဝန်ထမ်းတွေက ယူနီဖောင်းတွေဝတ်ဆင်ပြီး လုံခြုံရေး ၃၀ နီးပါးနဲ့ မနက် ၈ နာရီလောက်မှာ လူစုပြီး ၉ နာရီလောက်ကြတော့ ကောက်မယ့်ရပ်ကွက် လမ်းထိပ်တနေရာမှာ စုပြီး စာရင်းလုပ်တာ” လို့ ပြောပါတယ်။

အိမ်ထောင်စုလူဦးရေ ကောက်ခံရာမှာ စစ်ကောင်စီက ရပ်ကွက်အလိုက် အဖွဲ့ခွဲ ကောက်ခံတာမျိုး လုပ်‌တာဖြစ်တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

“ကျမတို့ လူဦးရေစာရင်းကို အုပ်စုခွဲပြီး ကောက်ခံခိုင်းတယ်။ မုံရွာမြို့ပေါ် ရပ်ကွက်တွေကတော့ ဇန်နဝါရီလအကုန် အပြီးခိုင်းထားတယ်။ သူတို့ပြောပုံအရကတော့ နယ်တွေက တောပုရွာ၊ ခရက်ကန်ရွာနဲ့ စစ်တပ်ထောက်ခံတဲ့ ရွာတွေဆိုရင် လူဦးရေစာရင်း ကောက်ဖို့ အစီအစဉ်ရှိတယ်။ ဒါကြီးမပြီးမချင်း စိတ်ချမ်းသာမှုမရှိတာတော့ အမှန်ပါပဲ။”

လူဦးရေစာရင်း ကောက်ခံပြီးတဲ့ မြို့သစ်ရပ်ကွက်က ဒေသခံတွေကို ဒီဗွီဘီအနေနဲ့ ဆက်သွယ်မေးမြန်းရာမှာ ထင်းရှူးလမ်းနေ ပြည်သူတဦးက “လူဦးရေ ဘယ်လောက်ရှိလဲ။ အသက် ၁၈  ပြည့်သူ ဘယ်လောက်ရှိလဲ။ သေဆုံးသူရှိလား၊ မရှိဘူးလား။ အိမ်ထောင်စုမရှိရင် အသစ်ရအောင် လုပ်ပေးမယ်။ မဲကိုတော့ မထည့်မနေရ ထည့်ရမယ်လို့ပြောတယ်” လို့ ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီလုပ်ဆောင်တဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ မပါဝင်ဖို့ မေတ္တာရပ်ခံထားပြီး စစ်ကောင်စီကတော့ မုံရွာမြို့ပေါ်မှာ လူဦးရေစာရင်း ဆက်လက်ကောက်ခံနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ် ချောဆွဲပြီး စုန်ဆင်းလာတဲ့ ကျောက်စုပ်စက်လှေ ၁ စီးကို‌ ဇန်နဝါရီ ၁၀ ရက် ညနေ ၆ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Chindwin Attack Force ပြန်ကြားရေးတာဝန်ရှိသူက “ချင်းတွင်းမြစ်ကြောင်းတလျှောက် ကမ်းဘေး ဝဲယာက ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တဲ့ စ(--)တွေကို ကျနော်တို့ မဟာမိတ် ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ စ(--) ၁ ယောက်သေတယ်၊ ၁ ယောက်က အပြင်းအထန် ဒဏ်ရာရပြီး သေဆုံးနိုင်တယ်။ ၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကင်းထောက်စုံစမ်းသိရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး Chindwin Attack Force တပ်ရင်း-၂၊ ၃၊ ၄ တပ်ရင်း၊ တပ်ခွဲ၊ တပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နေရာ အရေးပေါ် လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

အခုတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄ တပ်ခွဲ-၄၊ 5 / Teachers People Defense Force PDF၊ မုံရွာခရိုင်တပ်ရင်း-၁၃ အောင်ဆန်းမျိုးဆက် (Aung San Generation Monywa)၊ 5/UG Task Force (မြေအောက်တော်လှန်ရေးအဖွဲ့)၊ Fight For Freedom (F3) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013