DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သား ၁,၀၀၀ ကျော်ရှိ စက်ရုံများသို့ Mobile Taem စေလွှတ် ပတ်စ်ပို့သက်တမ်းတိုးပေးမည်ဟု သံရုံးကြေညာ
DVB
·
January 11, 2023
ထိုင်းတွင် မြန်မာလုပ်သား ၁,၀၀၀ ကျော်ရှိ စက်ရုံများသို့ Mobile Taem စေလွှတ် ပတ်စ်ပို့သက်တမ်းတိုးပေးမည်ဟု သံရုံးကြေညာ
Donate to DVB

ထိုင်းနိုင်ငံအတွင်းက မြန်မာရွှေ့ပြောင်းလုပ်သား အယောက် ၁,၀၀၀ နဲ့အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေဆီ Mobile Taem စေလွှတ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးသွားမယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက ကြေညာပါတယ်။

လူဦးရေ ၁,၀၀၀ နဲ့အထက်ရှိတဲ့ စက်ရုံတွေကို Mobile Taem နှစ်ဖွဲ့ခွဲပြီး အလှည့်ကျ စေလွှတ်လုပ်ဆောင်ပေးသွားမယ်လို့လည်း သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် လုပ်သားတွေ စာရင်းကို သတ်မှတ်ပုံစံအတိုင်း ပြုစုပြီး ကောင်စစ်တာဝန်ခံ အရာရှိဆီ ဇန်နဝါရီ ၂၀ ရက်   နောက်ဆုံးထား ပေးပို့ရမယ်လို့ သံရုံးက အသိပေးထားပါတယ်။

အဲဒီနေ့အထိ တင်ပြလာတဲ့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ တာဝန်ရှိသူတွေကို ဇန်နဝါရီ ၂၃ ရက်မှာ  ခေါ်ယူတွေ့ဆုံပြီး မဲစနစ်နဲ့ အလှည့်ကျ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်နေတဲ့ လူဦးရေ ၁,၀၀၀ အောက် စက်ရုံ၊ အလုပ်ရုံတွေကိုလည်း မြန်မာသံရုံးမှာ အလှည့်ကျခေါ်ယူပြီး  ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်တွင်းမှာ ပတ်စ်ပို့ သက်တမ်းတိုးတာအပြင် ပတ်စ်ပို့ အသစ်လုပ်တာတွေကို ရပ်ဆိုင်းထားပါတယ်။ စစ်ကောင်စီကတော့ စနစ်အဆင့်မြှင့်တင်ဖို့လို့ ဆိုထားပေမဲ့ ပြန်ဖွင့်မယ့်ရက် အတိအကျ ကြေညာတာမရှိပါဘူး။

ဘန်​​ကောက်မြို့ရှိ မြန်မာသံရုံး​ရှေ့မှာ ဇန်နဝါရီ ၇ ရက်က နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးလိုတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့​ပြောင်းမြန်မာလုပ်သား​တွေဟာ ရက်ချိန်းတုံကင်ရယူဖို့ အချိန်ကြာမြင့်စွာ လာ​ရောက်တန်းစီ စောင့်ဆိုင်းခဲ့ကြရာမှာ အလုပ်သမားတချို့ မူးမေ့လဲကျခဲ့တာ ရှိပါတယ်။

ဇန်နဝါရီ ၁၀ ရက် မနေ့ကလည်း ဘန်ကောက် မြန်မာသံရုံးအတွင်း MoU လုပ်သားကုမ္ပဏီနှစ်ခုက အလုပ်သမား ၁၀၀ ကျော်လောက် လာရောက်ပြီး အစာငတ်ခံဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားအေဂျင်စီတွေက MoU စာချုပ်ပါ စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်မပေးတာ၊ အလုပ်လက်မဲ့ ၄ လကျော်ဖြစ်နေတာ၊ ဝန်ဆောင်ခ အဆမတန်ယူပြီး အလုပ်ရှာမပေးနိုင်တာတွေကြောင့် အလုပ်သမား‌တွေက ဆန္ဒပြတာဖြစ်ပြီး မနေ့ည ၁၀ နာရီခွဲအထိ ပြေလည် ညှိနှိုင်းမှု မရရှိသေးဘူးလို့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013