DVB Logo
Home
မြန်မာသတင်း
ထီးလင်းမြို့နယ်တွင် ပြည်သူ ၂ ဦးကို PDF ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
January 11, 2023
ထီးလင်းမြို့နယ်တွင် ပြည်သူ ၂ ဦးကို PDF ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇန်နဝါရီ ၉ ရက်က ရွာသား ၂ ယောက်ကို PDF လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထီလင်းမြို့နယ် ထလင်းရွာက ကိုမျိုးကိုဦး (ခ) မှိုင်းဝေနဲ့ ကိုအေးနိုင်တို့ကို ဇန်နဝါရီ ၉ ရက် နေ့လယ် ၁၂ နာရီလောက်က ရွာအစပ်နားမှာ PDF လို့စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြတာလို့ ထလင်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

သူတို့နှစ်ယောက်ကို ထီးလင်းမြို့မရဲစခန်း စစ်ကြောရေးကို ပို့ဆောင်လိုက်ကြပြီး အတင်းအဓမ္မ နှိပ်စက်မေးမြန်းတာတွေ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ထီးလင်းနယ်ဘက်မှာတော့ စစ်(...)တွေ စစ်ကြောင်းထိုးလာပြီဆိုရင် ရွာသားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ကြသလို PDF လို့ စွပ်စွဲပြီး တရားစွဲ ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်နေတယ်။”

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၃၆၀ ယောက်ရှိပြီး အဲဒီထဲက ၁၉၆၂ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013