DVB Logo
Home
မြန်မာသတင်း
စစ်တိုက်လေယာဉ်ပျံဝဲနေသဖြင့် ကရင်နီစစ်ရှောင်ကျောင်းများ ပိတ်ထားရ
DVB
·
January 11, 2023
စစ်တိုက်လေယာဉ်ပျံဝဲနေသဖြင့် ကရင်နီစစ်ရှောင်ကျောင်းများ ပိတ်ထားရ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေမှာ မနေ့ ဇန်နဝါရီ ၁၀ ရက်က စစ်ကောင်စီရဲ့ တိုက်လေယာဉ် အနီးကပ်ပျံဝဲမှုကြောင့် ကလေးငယ်တွေ ထိတ်လန့်ပြီး ကျောင်းမတက်တော့တဲ့အတွက်‌ ကျောင်းပိတ်ထားရတယ်လို့ ဆရာမတဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်နဲ့၊ ဒီးမော့ဆိုမြို့နယ်တွေမှာ မနေ့က တနေ့တည်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၄ ကြိမ်တိတိ ပျံဝဲခဲ့တာလို့  ဆရာမက ပြောပါတယ်။

“မနေ့က လေယာဉ်လာတော့ ကလေးတွေက တချို့ကငိုတယ်။ တချို့က ဘုရားရှိခိုးတာပေါ့နော်။ လန့်လည်း လန့်ကုန်တဲ့အခါကျတော့ လေယာဉ်လာဝဲပြီး ပြန်သွားတဲ့အခါကျတော့ အိမ်ပြေးပြန်ကြတာလေ။ အဲဒီကနေစပြီးတော့ ကျောင်းပိတ်တာ။ ဒီနေ့လည်းပိတ်လိုက်တယ်။”

ခဏခဏ လာဝဲတဲ့အတွက် ဘယ်အချိန် ဗုံးအကြဲခံနေရမလဲဆိုပြီး စိုးရိမ်နေကြရတယ်လို့လည်း အဲဒီဆရာမက ဆက်ပြောပါတယ်။

“ခဏခဏတော့ လာဝဲနေတယ်။ ဘယ်အချိန်ကြဲမလဲမသိဘူး။ လန့်နေရတာ။ သူတို့ပျံတာ နိမ့်နိမ့်လေးပဲလေ။”

မနေ့က ဇန်နဝါရီ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်က နေပြည်တော်ကနေ စစ်ကော်စီတိုက်လေယာဉ် ၄ စီး ထွက်ခွာခဲ့ပြီးနောက်မှာတော့ ကရင်နီပြည်နယ်မှာ တိုက်လေယာဉ် အနီးကပ်ပျံသန်းမှုတွေ လုပ်ခဲ့တာပါ။

မနေ့က လေယာဉ်ပျံဝဲချိန်မှာလည်း ကလေးငယ်တွေ အပါအဝင် ဒေသခံတွေက ဗုံးကြဲခံရမှာ ကြောက်လန့်ပြီး ပုန်းအောင်းခဲ့ကြရပါတယ်။

အလားတူပဲ ချင်းပြည်နယ်က ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်၊ ဗစ်တိုးရီးယားစခန်းကို ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲလောက်မှာ စစ်​ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ CNF တပ်ဦး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ရပြီး အိမ်ရာအဆောက်အဦတွေလည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်စီက ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး  ၂၀၂၃ ခု ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်စဲကြောင်း ကြေညာခဲ့ပေမဲ့ တိုင်းရင်းသားဒေသအသီးသီးတွေမှာ ဇန်နဝါရီ ၁ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013