
NATO မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်နယ်စပ်ဒေသကို စောင့်ကြပ်နေတဲ့ လေတပ်တွေဟာ စက်တင်ဘာ ၃၀ ရက်မှာ စပိန်၊ အီတလီနဲ့ တူရကီနိုင်ငံတို့က တိုက်လေယာဉ်တွေ အပါအဝင် သူတို့ရဲ့ တိုက်လေယာဉ်တွေကို ပြသခဲ့ကြပါတယ်။
စုပေါင်းကာကွယ်ရေးတာဝန်တရပ်အတွက် မဟာမိတ်အဖွဲ့ဝင်နိုင်ငံ အသီးသီးက လေယာဉ်တွေဟာ လစ်သူယေးနီးယားနိုင်ငံ၊ ရှောလီယိုင်းမြို့က စခန်းမှာ အခြေစိုက်နေကြတာပါ။
ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ဒရုန်းတွေ အမြောက်အမြား နယ်မြေထဲကို ဝင်လာခဲ့ပြီး တချို့ကို NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ပြီးတဲ့နောက် ဇူလိုင်လမှာ NATO က သူတို့ရဲ့တာဝန်ကို “လေကြောင်းစောင့်ကြပ်ထိန်းသိမ်းရေး”အဆင့်ကနေ “လေကြောင်းကာကွယ်ရေး”အဆင့်ဆီ “အဆင့်မြှင့်တင်” ဆောင်ရွက်နေတယ်လို့ ကြေညာခဲ့ပါတယ်။
ရုရှားနိုင်ငံနဲ့ နီးနီးကပ်ကပ်တည်ရှိပြီး ကိုယ်ပိုင်တိုက်လေယာဉ်တွေ မရှိကြတဲ့ ဘောလ်တစ်နိုင်ငံတွေဖြစ်တဲ့ လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စတိုးနီးယားနိုင်ငံတို့ဟာ NATO မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်ပြီးတဲ့နောက် ၂၀၀၄ ခုနှစ်မှာ NATO ရဲ့ လေကြောင်း စောင့်ကြပ်ထိန်းသိမ်းရေးတာဝန်ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။
Source: Reuters











