DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်သစ်တန်ချိန် ၈၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
January 9, 2023
ရခိုင်ပြည်နယ်၌ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်သစ်တန်ချိန် ၈၀၀ ကျော် ဖမ်းဆီးရမိ
Donate to DVB

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်သစ်တန်ချိန် ၈၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“၂၀၂၀ နဲ့ ၂၀၂၁ မှာ သစ်တန်ချိန် ၅,၀၀၀ ကျော်အထိ ဖမ်းဆီးမိခဲ့တယ်။ ၂၀၂၂ မှာ တန်ချိန် ၈၀၀ ကျော်အထိသာ ဖမ်းမိခဲ့တာ။”

ရခိုင်ပြည်နယ်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ ၁၁ လတာ ကာလအတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ၅,၁၈၁ ဒသမ ၅၀၉၁ တန်အထိ ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း သစ်တန်ချိန် စုစုပေါင်း ၈၄၄ ဒသမ ၅၃၉၂ တန်သာ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်သစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ သစ်အမျိုးအစားတွေကတော့ ကျွန်း၊ ပျဉ်းကတိုးနဲ့ တခြားသစ်တွေဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူက ဆိုပါတယ်။

တရားမဝင်ဖမ်းဆီးရမိတဲ့ သစ်တွေမှာ သံတွဲခရိုင်မှ ၅၁၄ ဒသမ ၃၇၂၂ တန်၊ မောင်တောခရိုင်မှ ၁၀၅ ဒသမ ၇၀၈၂ တန်၊ စစ်တွေခရိုင်မှ ၁၈၄ ဒသမ ၃၆၀၂ တန်၊ ကျောက်ဖြူခရိုင်မှ ၃၉ ဒသမ ၉၁၈၆ တန်တို့ဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

အဲဒီလို တရားမဝင် သစ်ခိုးထုတ်သူတွေကို သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(က) တို့နဲ့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ အရေးယူ ဆောင်ရွက်နေပြီး အခုနှစ်အတွင်း တရားမဝင် သစ်ခိုးမှုပေါင်း ၁၁၂ မှု ရှိခဲ့ကြောင်းလည်း ပြည်နယ်သစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ပြည်နယ်သစ်တောဦးစီးဌာန စာရင်းတွေအရ လက်ရှိ ဖမ်းဆီးရမိတဲ့ တရားမဝင်သစ်တွေမှာ သံတွဲခရိုင်အတွင်းက ဖမ်းဆီးရမိတာ အများဆုံးဖြစ်​ပြီး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တရားမဝင်ခိုးပို့တဲ့ သစ်တန်ချိန် ၁၀၅ ဒသမ ၇၀၈၂ တန်အထိ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

“၂၀၂၂ ခုနှစ်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုးထွက်တဲ့ သစ်ခိုးဘုတ် အကြိမ်ရေ ၅ ကြိမ်အထိ ဖမ်းမိခဲ့တယ်။ ကျွန်းနဲ့ တခြားသစ် ၁၀၅ ဒသမ ၇၀၈၂ တန်အထိ ဖမ်းမိခဲ့တာ။ ဖမ်းတာကတော့ တပ်မတော်ရေနဲ့ နယ်ခြားစောင့်က ဖမ်းဆီးတာ” လို့ မောင်တောခရိုင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း သစ်ခိုးထုတ်ယူမှု များပြားလာနေတာကြောင့် သစ်တောပြုန်းတီးနေပြီး သစ်ခိုးထုတ်မှုကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေကြသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013