DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု ၃၃၅ ဦးထဲ အမျိုးသမီး ၁၅ ရာခိုင်နှုန်းပါဝင်
DVB
·
January 9, 2023
တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု ၃၃၅ ဦးထဲ အမျိုးသမီး ၁၅ ရာခိုင်နှုန်းပါဝင်
1 / 3
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ၂ နှစ်နီးပါး ကာလတွေအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးသူ ၃၃၅ ယောက်ထိ ရှိလာပြီး အဲဒီထဲမှာ ၁၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေဖြစ်တယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း တခုဖြစ်တဲ့ Southern Monitor အဖွဲ့က ထုတ်ပြန်ပါတယ်။

အရပ်သားသေဆုံးသူတွေထဲက ၇၇ ရာခိုင်နှုန်းကတော့ အမျိုးသားတွေဖြစ်ပြီး ကျန်တဲ့ ၇ ရာခိုင်နှုန်းကိုတော့ ကျား/မ ခွဲခြားဖော်ပြနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှုတွေကို စောင့်ကြည့်စာရင်းပြုစုထားတာဖြစ်ပြီး မြို့နယ်အလိုက် ကြည့်မယ်ဆိုရင် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက တခြားမြို့နယ်တွေထက် အရပ်သားသေဆုံးမှု အရေအတွက် သိသိသာသာ များပြားနေတယ်လို့ ဆိုပါတယ်။

အရပ်သားထိခိုက်ဒဏ်ရာရသူ အရေအတွက်ကတော့ ၁၂၈ ယောက်ထိ ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အရပ်သားသေဆုံးမှု ဖြစ်စဉ်တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးထိမှန်လို့ သေဆုံးတာ၊ ဆိုင်ကယ်စီးသူတွေနဲ့ သာမန်ပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပစ်ခတ် သတ်ဖြတ်တာတွေ ပါဝင်တယ်လို့ Southern Monitor အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စတဲ့ အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ ဖြစ်စဉ်တွေမှာတော့ တက်ကြွလူငယ်တွေ၊ PDF အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ NLD ပါတီဝင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာတွေ ပါဝင်နေပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျူးလွန်တဲ့ ဖြစ်စဉ်တွေမှာတော့ ပျူစောထီး၊ သွေးသောက်၊ စစ်တပ်သတင်းပေးသူတွေ အပါအဝင် အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာ၊ တချို့ဖြစ်စဉ်တွေမှာ မှားယွင်းသတ်ဖြတ်ခံရတာ၊ မိသားဝင်တွေပါ ထိခိုက်သေဆုံးတာတွေနဲ့ မှားယွင်းပစ်ခတ်ခံရမှုကြောင့် ခရီးသွားပြည်သူတွေ သေဆုံး ဒဏ်ရာရတာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အခုထုတ်ပြန်ထားခဲ့တဲ့ အရပ်သားသေဆုံးသူ စာရင်းထဲမှာတော့ လက်နက်ကိုင်ဆောင်ထားတဲ့ (စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO) အဖွဲ့အစည်းဝင်တွေကို ထည့်သွင်းရေတွက်ခြင်း မပြုထားဘူးလို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ သာမန်အရပ်သားတွေအပြင် လက်နက်မကိုင်ထားတဲ့ ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူး၊ PDF နဲ့ ဆက်စပ်သူတွေကိုလည်း ထည့်သွင်းရေတွက်ထားပြီး ဒါဟာ သတင်းတွေမှာ ဖော်ပြထားတဲ့ သေဆုံးသူတွေရဲ့ ကိုယ်ရေးနောက်ခံ အချက်အလက်တွေက အမှန်တကယ်ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ ခက်ခဲတာကြောင့် ထည့်သွင်းရေတွက်ထားတာလို့လည်း ဖော်ပြထားပါတယ်။

Southern Monitor အဖွဲ့ကတော့ တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားရေး၊ ပဋိပက္ခအခြေအနေတွေ၊ စစ်ဘေးရှောင်ပြည်သူတွေအရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပိုမိုသိရှိနိုင်အောင် လေ့လာတင်ပြပေးတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၂,၇၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း အယောက် ၁၇,၀၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013