DVB Logo
Home
မြန်မာသတင်း
Space Bar ပေါက်ကွဲမှု မန္တလေးယူဂျီအဖွဲ့လက်ချက်ဟုဆို
DVB
·
January 9, 2023
Space Bar ပေါက်ကွဲမှု မန္တလေးယူဂျီအဖွဲ့လက်ချက်ဟုဆို
1 / 2
Donate to DVB

မန္တလေးတိုင်း ၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း၊ ၃၅ လမ်း နဲ့ ၃၆ လမ်းကြားရှိ Space Bar မှာ ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီလောက်က မန္တလေးယူဂျီအဖွဲ့ရဲ့လက်ချက်နဲ့  ပေါက်ကွဲမှုဖြစ်ပြီး ကားတစ်စီး မီးလောင်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒေသခံ ၁ ဦးက " အသံက တော်တော်ကျယ်တယ် ။ လူထိခိုက်မှု ရှိလား မရှိလားတော့ မသိဘူး Space Bar ရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီး မီးလောင်သွားတယ် " လို့ ပြောပါတယ်။

အဆိုပါ ဖောက်ခွဲမှုကို City Hunter (MDY UG) အဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး " Space Bar အတွင်း အချောင်နေ အချောင်စား Beer သောက်ရင်း ဇိမ်ခံနေတဲ့ မြို့ပြမှ မိတ်ဆွေများအတွက် City Hunter (MDY UG) မှ သတိပေး လက်ဆောင် ပို့လိုက်ပါတယ် ။ လက်ဆောင်ထုပ်များ ကျန်ရှိနေသေးတဲ့အတွက် စိတ်အေးချမ်းသာစွာ ဇိမ်ခံနေကြပါရန် အသိပေးအပ်ပါတယ် " လို့ မန္တလေး ဒေသတွင်း မီဒီယာ တစ်ခုဖြစ်တဲ့ သပြေညို သတင်းလွှာက ဖော်ပြပါတယ်။

ဒါ့အပြင် City Hunter နာမည် နဲ့ Page ထောင်ထားခြင်း မရှိသလို Social Media ပေါ်မှာ အလှူခံခြင်းများ လုံးဝမရှိဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေကတော့  Space Par ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘားအနီးရှိ ကား ၁ စီး မီးလောင်ကာ လူထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်  ဧပြီလ ၁၆ ရက်ညကလည်း  Space Bar မှာ ဗုံးပစ်တိုက်ခိုက်ခံရကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013