DVB Logo
Home
မြန်မာသတင်း
အာရှလမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူး ၂ ဦး အပါအဝင် ၄၈ ဦးနှင့် ကော်ဘရာစစ်ကြောင်းမှ ၁ ဦးကျဆုံး
DVB
·
January 8, 2023
အာရှလမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူး ၂ ဦး အပါအဝင် ၄၈ ဦးနှင့် ကော်ဘရာစစ်ကြောင်းမှ ၁ ဦးကျဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်ကနေ ၃၁ ရက်အထိ သီတင်း ၂ ပတ်ကြာ ကော့ကရိတ်၊ အာရှလမ်းတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် ၂ ယောက် အပါအဝင် ၄၈ ယောက် သေဆုံးပြီး ၆၁ ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က နယ်မြေခံတပ် ခလရ ၂၃၁၊ ခလရ ၂၃၀၊ ခလရ ၉၇၊ အမြှောက်တပ် ၅၄၇၊ တပ်မ(၄၄) လက်အောက်ခံ ခမရ ၉၊ ခလရ ၁၀၄၊ တပ်မ(၁၁) ထုတ်နုတ်အင်အားတွေဟာ ကော့က ရိတ်တောင်ပိုင်း အာရှလမ်းနဲ့ ကော့နွဲကျေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်လာတာကြောင့် လုံခြုံရေးယူထားတဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတော့ KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့တွေ ပါဝင်ပြီးတော့ ရက်ရှည်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲကာလတွေအတွင်း ကော်ဘရာစစ်ကြောင်းဘက်က ၁ ယောက်ကျဆုံးခဲ့ပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေါနစစ်ကြောင်းက ၄ ယောက်နဲ့ နဂါးဖြူစစ်ကြောင်းက ၃ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်းမှာတော့ ကော်ဘရာစစ်ကြောင်းက အကြမ်းဖက်စစ်ကောင်စီဘက်ကနေ လက်နက်တွေ အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး အဲဒီထဲမှာတော့ MA3 (၂)လက်၊ MA2 (စက်ကလေး) (၁)လက်၊ ကျည် ဘောက် (၁၂)ဘောက်၊ ၄၀မမ ကျည် (၂၉)လုံး၊ ခြေနင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ RPGကျည် (၂)လုံး၊ ပို့ယမ်း (၃)တောင့်၊ ၆၀မမကျည် (၁)လုံး၊ အီနာဂါ (၁)လုံး၊ ၇.၆၂ကျည် (၆၅၀)တောင့်၊ ၅.၅၆ကျည် (၅၆၅)တောင့်၊ ကျည်ကာခမောက် (၆)လုံး ပါဝင်ပြီး KNLA တပ်ရင်း(၁၈) ကတော့ MA3 (၁)လက် သိမ်းဆည်းရမိကာ ရန်သူ့သံချပ်ကာကား (၂)စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ ကျေးရွာတွေအတွင်း လက်နက်ကြီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တာတွေအပြင် ကော့နွဲကျေးရွာက လူနေအိမ် ၁၈ လုံးကို မီးရှို့ဖျက် ဆီးခဲ့ကြပြီး တစ်ရွာလုံးနီးပါးရှိ အိမ်ခြေများ ပျက်စီးခဲ့သလို ကျေးရွာအတွင်း မွေးမြူထားတဲ့ ကျွဲ၊ နွား၊ ဝက်၊ ကြက် အမြောက်အများ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်း လင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013