DVB Logo
Home
မြန်မာသတင်း
နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တောကျွဲအင်း ပျူစောထီးခေါင်းဆောင်ကို PDF ပူးပေါင်းတပ် ဖွဲ့ ရှင်းလင်း
DVB
·
January 7, 2023
နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တောကျွဲအင်း ပျူစောထီးခေါင်းဆောင်ကို PDF ပူးပေါင်းတပ် ဖွဲ့ ရှင်းလင်း
Donate to DVB

နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (အောင်မြင်) မြို့မှာ ဇန်နဝါရီ ၇ ရက်မနက်ပိုင်းက ပျူစောထီးခေါင်းဆောင် မင်းအောင်ကို ကျောက်တံခါးမြို့နယ် ပကဖ၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့တွေက သုတ်သင်ရှင်းလင်းခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲဒီဖြစ်စဉ်ကို လာရောက်စုံစမ်းကြတဲ့ အကြမ်းဖက်စစ်ကောင်စီ တောကျွဲအင်းနယ်‌မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဗိုလ်‌ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဒုရဲအုပ်ရန်နိုင်ဟာ စိုးရိမ်ရတဲ့ လက်တစ်ဖက်ပြတ်ကျဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သားနေဇော်မှာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ ရဲတပ်သားမောင်မြင့်မှာ လက်ချောင်းတွေ ပြတ်တောက် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာတော့ ဗိုလ်ကျောက်ခဲ ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲအခြေအနေတွေကို ထပ်မံအတည်ပြု စုံစမ်းနေတယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Bago Region PDF က ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013