DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်မြို့တွင် CDM ဝန်ထမ်း ၅ ဦးကို စစ်ကောင်စီဖမ်းဆီး
DVB
·
January 7, 2023
ကွတ်ခိုင်မြို့တွင် CDM ဝန်ထမ်း ၅ ဦးကို စစ်ကောင်စီဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ ဇန်နဝါရီ ၆ ရက်က စတင်ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ဝန်းထမ်းတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ပညာရေးဌာနက ၃ ဦး၊ ကျေးလက် ဦးစီးဌာနက ၁ ဦးနဲ့ ကျေးလက်ကျန်းမာရေးဌာနက ၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဝန်းထမ်းအသိုက်အဝန်းက ပြောပါတယ်။

“ကျနော်တို့ ကွတ်ခိုင်မှာ စစ်တပ်နဲ့ ရဲပေါင်းပြီး CDM ကို ၁ လပိုင်း ၆ ရက်နေ့ကစပြီး လိုက်ဖမ်းနေတယ်။ NLD အစိုးရတုန်းက ဝန်းထမ်းတွေကို ၂ လစာ ချေးပေးတဲ့ ချေးငွေကို အကြောင်းပြပြီး လိုက်ဖမ်းနေတာ။ မနေ့ကတော့ ကျေးလက်က ၁ ယောက်၊ ပညာရေးက ၃ ယောက် ဖမ်းခံရတယ်” လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့မှာ အာဏာသိမ်းစစ်ကောင်စီဟာ အင်းအားတိုးမြှင့်ထားပြီး စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် အသစ်တွေလည်း တွေ့မြင်နေရကာ စစ်ကောင်စီနဲ့ ပူပေါင်းပြီး CDM ဝန်ထမ်းတွေကို ရှာဖွေဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကွတ်ခိုင်မှာ အရင်မြင်နေကြရဲတွေအပြင် ရဲအသစ်တွေ ထပ်ရောက်နေတယ်။ စစ်တပ်နဲ့ ပေါင်းပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ဝင် မွှေနေတယ်။ CDM တွေကို လိုက်ရှာပြီး ငွေညှစ်နေတယ်။ ရပ်ကွက် ၈ မှာနေတဲ့ ကျေးလက်ကျန်းမာရေးက CDM တဦးဖမ်းခံရတယ်။ ဖမ်းခံရတဲ့သူရဲ့ နာမည်တော့ မပြောတော့ဘူး။ ကျန်တဲ့ CDM တွေလည်း ဖမ်းခံရတယ်ကြားတယ်။ အပြင်ဆေးခန်းတွေ ကိုလည်း ဝင်ရှာတယ်။ ဒီကောင်တွေ မြို့ပေါ်မှာ အေးဆေးမနေချင်ဘူးထင်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာလည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် ၂ အတွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ လက်ရှိဖြစ်ရပ်တွေကြောင့် ကွတ်ခိုင်မြို့မှာရှိတဲ့ CDM ဝန်ထမ်းတွေ တိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖဝါရီ ၁ ရက် စစ်တပ်က အရပ်သားအစိုးရရဲ့ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းခဲ့တာကြောင့် တိုင်းပြည်တဝန်းမှာရှိတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်း မဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013