DVB Logo
Home
မြန်မာသတင်း
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ဦးမင်းအောင်တို့ ပုဒ်မ ၅၀၅ အမှုအတွက် ပြစ်ဒဏ်လျှော့
DVB
·
January 6, 2023
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ဦးမင်းအောင်တို့ ပုဒ်မ ၅၀၅ အမှုအတွက် ပြစ်ဒဏ်လျှော့
Donate to DVB

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ နှစ်ဦးတို့အပေါ်ချမှတ်ထားတဲ့  ၅၀၅ ပုဒ်မအတွက် ကျခံရမယ့်ပြစ်ဒဏ်ကို စစ်ကောင်စီက လျှော့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“အားလုံးကို ဖြေလျှော့လိုက်တာတော့ မဟုတ်ဘူးဗျ။ သူတို့ နှစ်ဦးကို ပုဒ်မ ၅၀၅ နဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ဖြေလျှော့လိုက်တာပါ။”

ဇန်နဝါရီ ၄ ရက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၇,၀၁၂ ဦး လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီး ဦးမင်းအောင်တို့ကို အခုလို ပြစ်ဒဏ် လျှော့ပေါ့ခဲ့တာပါ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်ကောင်စီက ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် ၉ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၁၃ နှစ် အမိန့်ချခဲ့တာပါ။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၉ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ ဘယ်ဘက်မျက်လုံးမှာ တိမ်စွဲနေတဲ့အတွက် ခွဲစိတ်ကုသနိုင်ဖို့ စစ်ကောင်စီကို တင်ပြထားပေမဲ့ ခွင့်ပြုချက် မကျနိုင်သေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

“မျက်လုံးတိမ်စွဲနေတာ အချိန်မီခွဲစိတ်မှ အဆင်ပြေမှာလေ။ မဟုတ်ရင် မျက်လုံးကွယ်သွားမှာပေါ့။ ခွင့်ပြုချက်တင်ထားတာ ၃ လကျော်ပြီလေ၊ ခွင့်မပြုသေးဘူး။ လူမှာ မျက်လုံးက အဓိကလေ။ အမြန်ခွင့်ပြုသင့်တာပေါ့။”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဖြစ်ကြတဲ့ ဦကျော်အေးသိန်း၊ ဦးကျော်လွင်၊ ဦးအောင်ကျော်ဇံ နဲ့ ဦးမင်းအောင်တို့ဟာ လက်ရှိ စစ်တွေ အကျဉ်းထောင်မှာ ထောင်ဒဏ်တွေကျခံနေကြပြီး မိသားစုဝင်တွေနဲ့ လုံးဝတွေ့ခွင့်မရသေးဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013