
အီရန်ရဲ့ ခေါင်းဆောင်သစ်က အပစ်အခတ်ရပ်စဲဖို့ အမေရိကန်ပြည်ထောင်စုကို တောင်းဆိုခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၁ ရက်မှာ Truth Social ပို့စ်ကနေ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ပ်က“ဟော်မုဇ်ရေလက်ကြား ပွင့်လာပြီး လွတ်လပ်လာပြီး ရှင်းလင်းလာတဲ့အခါ အပစ်အခတ်ရပ်စဲဖို့ ကျနော်တို့ စဉ်းစားပါမယ်။ အဲဒီအချိန်အထိ အီရန်ကို ပျောက်ကွယ်သွားအောင် ကျနော်တို့ ဖျက်ဆီးနေပါတယ်” လို့ Truth Social အွန်လိုင်းပလက်ဖောင်းမှာ ပို့စ်တင်ခဲ့ပါတယ်။
အီရန်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ မိန့်ခွန်းတခုကိုလည်း ထရမ့်ပ်ဟာ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အီရန်အစိုးရကတော့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြောဆိုချက်ကို ပယ်ချခဲ့ပြီး ဒီပြောဆိုချက်ဟာ မှားယွင်းပြီး အခြေအမြစ် မရှိဘူး လို့ အီရန် နိုင်ငံပိုင်မီဒီယာက ဧပြီ ၁ ရက်မှာ ပြောပါတယ်။
Source: Reuters










