DVB Logo
Home
မြန်မာသတင်း
တန့်ဆည်မြို့နယ်၌ ၈၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၁၅,၀၀၀ ‌ကျော် အိုးအိမ်မဲ့ဖြစ်
DVB
·
January 5, 2023
တန့်ဆည်မြို့နယ်၌ ၈၃ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၁၅,၀၀၀ ‌ကျော် အိုးအိမ်မဲ့ဖြစ်
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံ ၁၅,၆၃၀ ယောက် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး အရပ်သားပြည်သူ ၁၈,၀၀၀ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တန့်ဆည်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၅ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

တန့်ဆည်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၈၃ ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးလို့ လူနေအိမ် ၃,၄၇၄ လုံး၊ သာသနိကအဆောက်အဦ ၉ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနဲ့ ဆေးရုံဆေးခန်း ၁ ခု ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူ ၈၁ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒေသခံအမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့သလို တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးလို့ ဒေသခံ ၁၅,၆၃၀ ယောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသလို အရပ်သားပြည်သူ ၁၈,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီနေ့အချိန်အထိ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဌာနတို့က ငွေကျပ် သိန်း ၈၁၀ ကျော်ကို အကူအညီလိုအပ်တဲ့ နေရာအသီးသီးကို ထောက်ပံ့နိုင်ခဲ့ပြီး  ချိတ်ဆက်လှူဒါန်းလာကြတဲ့ အလှူရှင်တွေရဲ့ ငွေကြေး၊ အစားအစာ၊ အဝတ်အထည် စတာတွေကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန် ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း မြို့နယ်ထဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ချင်တယ်ဆိုရင် လုံခြုံရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေ ပူးပေါင်းကူညီနိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ကြဖို့အတွက်လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013