DVB Logo
Home
မြန်မာသတင်း
ရမည်းသင်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်အပါအဝင် ၂၀၀ ကျော်ပြန်လွတ်
DVB
·
January 4, 2023
ရမည်းသင်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်အပါအဝင် ၂၀၀ ကျော်ပြန်လွတ်
Donate to DVB

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတဲ့အထဲမှာ ရမည်းသင်းအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်အပါအဝင် အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကနေ  စုံစမ်းသိရပါတယ်။

နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက “ဒီနေ့ ရမည်းသင်းအကျဉ်းထောင်ကနေပြီး အကျဉ်းသား ၂၇၄ ဦး လွတ်တယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားက အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၅ ဦးနဲ့ စုစုပေါင်း ၅၂ ဦးပဲပါတယ်။ လွတ်မယ်လို့ သတင်းထွက်ထားတဲ့ နာမည်ကြီးသူတွေ မပါဘူး” လို့ ပြောပါတယ်။

ရမည်းသင်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမင်းသူနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦး၊ ရဲအုပ် ပြည့်ဖြိုးနိုင်၊ ဒုရဲအုပ် ချယ်ရီထက်တို့ကတော့ လွတ်မြောက်တဲ့အထဲမှာ ပါဝင်လာခြင်းမရှိဘူးလို့ သိရပါတယ်။

“NLD နဲ့ ပတ်သက်တဲ့သူတွေထဲကဆို နေပြည်တော် ဥတ္တရသီရိမြို့နယ်က NLD မြို့နယ် အလုပ်အမှုဆောင် ဦးဇော်မင်းနဲ့ ရမည်းသင်းခရိုင် NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးကျော်ကျော်ဦးတို့ပဲ လွတ်တဲ့အထဲမှာပါတယ်။ နောက် ကဗျာဆရာထဲက ပျဉ်းမနားက ဆရာ ကိုမျိုးတေဇာမောင်၊ ကိုချောဘသစ်တို့ ပါတယ်။ အန်တီ့လုံခြုံရေးအဖွဲ့ထဲက ဒုတပ်ကြပ်လား တပ်ကြပ်လားမသိဘူး သဲနုအောင်ဆိုတဲ့ တယောက်လည်း လွတ်တယ် ပြောတယ်”လို့ ထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

 ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ အကျဉ်းသား ၇၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တဲ့အကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013