DVB Logo
Home
မြန်မာသတင်း
ကျောက်တော်ဒေသခံ ၃ ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲ
DVB
·
January 3, 2023
ကျောက်တော်ဒေသခံ ၃ ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လုထုဇော်ဝင်းနဲ့ ဒေသခံ ၂ ဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဇန်နဝါရီ ၃ ရက်က ကျောက်တော်မြို့နယ်တရားရုံးမှာ တရားစွဲတင်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“သူတို့ကို အမှုဖွင့်ထားတာ ၆ လကျော်ပါပြီ။ အခုမှ တရားစွဲတင်တာပါ။ အခုလို ၆ လအထိ ချုပ်ရမန်ရယူပြီး စစ်ဆေးနေတာတွေကတော့ ဥပဒေနဲ့ မညီတော့ဘူး။”

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံရသူတွေဟာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း (ခ) လူထုဇော်ဝင်း၊ ခေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင်နဲ့ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီ ဝန်ထမ်း ကိုဇော်မိုးထက်တို့ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

သူတို့သုံးဦးကို ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဇွန် ၃၀ ရက်နေ့က ကျောက်တော်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ကာ ၆ လကျော်အကြာ စစ်ဆေးမှုတွေပြုလုပ်ပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂ ရက်ကလည်း ကျောက်တော်မြို့မှာ စစ်ကောင်စီ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၆ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)/(၂) နဲ့ အမှုဖွင့် ချုပ်ရမန်ရယူတာမရှိဘဲ တိုက်ရိုက် တရားစွဲတင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က နှစ်ဖက် ယာယီအပစ်ရပ်ထားခဲ့ပေမဲ့ ရခိုင်ပြည်နယ်ရှိ အေအေနဲ့ ပတ်သက်သူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီး တရားစွဲတင် ထောင်ချနေတာတွေ ရှိနေတယ်လို့ ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

“အပစ်အခတ် ရပ်ထားတယ်ဆိုပြီး မြို့တိုင်းရွာတိုင်းက အေအေနဲ့ ပတ်သက်သူတွေကို လိုက်ဖမ်းနေတာကတော့ တရားလွန်လာနေတယ်ဗျ။ အေအေနဲ့ ဆက်စပ်သူတွေကို ဖမ်းမယ်ဆို ရခိုင်တပြည်နယ်လုံးကို ဖမ်းရမှာ။”

အခုလို အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေက အေအေနဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆို ထောင်ချနေတာကြောင့် အေအေနဲ့ ဆက်စပ်သူ ထောင်ချီပြီး တိမ်းရှောင်နေရကြောင်း ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013