DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၊ ထီးချိုင့်မြို့၌ ကင်းလှည့်စစ်တပ်ကို PDF က မိုင်းဆွဲတိုက်ခိုက်
DVB
·
January 2, 2023
ဆားလင်းကြီးရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၊ ထီးချိုင့်မြို့၌ ကင်းလှည့်စစ်တပ်ကို PDF က မိုင်းဆွဲတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က မြို့မရဲစခန်းကို ဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း-၁၆၊ တပ်ခွဲ-၁ Brother Defense Force အဖွဲ့၊ ဆားလင်းကြီးသမန်းကျားပြောက်ကျားတပ်ဖွဲ့နဲ့ တခြားမဟာမိတ်တွေက တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း-၁၆၊ တပ်ခွဲ-၁ Brother Defense Force တာဝန်ခံ ဗိုလ်ရာမက “လက်နက်ကြီးတွေနဲ့ အဝေးကနေ ပစ်ခတ်ခဲ့တာဗျ။ ပစ်မှတ်ကို အတိအကျ ပစ်နိုင်ခဲ့တယ်ဗျ။ ရဲစခန်းအဆောက်အဦ အမိုးတွေတော့ လုံးဝပျက်စီးတယ်လို့ သတင်းအတိအကျ ရထားတယ်ဗျ။ (--)အသေစာရင်းကတော့ စုံစမ်းနေဆဲပဲ” လို့ ပြောပါတယ်။

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ  ရုံးဌာနတွေကိုလည်း ဒီဇင်ဘာ ၂၇ ရက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့မှာ ဇန်နဝါရီ ၁ ရက် နေ့လယ်က စစ်ကောင်စီအဖွဲ့ဝင်တွေ ကားအသေး ၁ စီး၊ ဆိုင်ကယ် ၂ စီးနဲ့ ကင်းပတ်နေချိန် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက်သေပြီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ Special.9-HPDF အဖွဲ့က ပြောပါတယ်။

“ထီးချိုင့်တံတားအဆင်း မြို့ပတ်လမ်းမှာ ကျနော်တို့ Special.9-HPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာ ဆိုင်ကယ် ၂ စီး ထိထိမိမိ မိုင်းဆွဲနိုင်ပြီး ကားအသေးကတော့ နောက်မြီးပိုင်းပဲ ထိသွားတယ်။ စခ..ရခ.. ၃ ယောက်သေပြီး ၁ ယောက်က ၇ မိုင် ဆေးရုံ ပို့လိုက်ရတယ်လို့ စုံစမ်းသိရတယ်။ ဖြစ်နိုင်ရင် ကျနော်တို့လို အဖွဲ့ငယ်လေးတွေကို ထောက်ပံ့ကူညီပေးကြစေလိုပါတယ်။ နာမည်သိပ်မထွက်တဲ့ အဖွဲ့ငယ်တွေကို လှူတဲ့သူ ကူတဲ့သူ နည်းလို့ပါ” လို့ Special.9-HPDF အဖွဲ့တာဝန်ခံ Ko MG က ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂ ရက် မနက် ၅ နာရီခွဲလောက်ကလည်း မြတောင်လမ်းဆုံအထက် အောင်သာရွာအနီးမှာ သတ်မှတ်ချိန်မရောက်ခင် မောင်းနှင်လာတဲ့ ၁၂ ဘီးကား ၁ စီးကို အသံမိုင်းနဲ့ သတိပေးဖောက်ခွဲခဲ့တယ်လို့ Special.9-HPDF အဖွဲ့ တာဝန်ခံက ဆိုပါတယ်။

ဒေသခံနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာပေးကြဖို့ ထုတ်ပြန် အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013