DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့နယ် ရွာ ၂ ရွာကို စစ်တပ်မီးရှို့၊ ပုလဲနှင့်ယင်းမာပင်ရှိ စစ်တပ်တပ်စွဲသည့်နေရာကို PDF အဖွဲ့များ လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
January 1, 2023
မင်းကင်းမြို့နယ် ရွာ ၂ ရွာကို စစ်တပ်မီးရှို့၊ ပုလဲနှင့်ယင်းမာပင်ရှိ စစ်တပ်တပ်စွဲသည့်နေရာကို PDF အဖွဲ့များ လက်နက်ကြီးဖြင့် ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မတောရွာနဲ့ လက်ပံဆိပ်ရွာကို ဇန်နဝါရီ ၁ ရက် မနက် ၁၀ နာရီကစတင် မီးရှို့နေတယ်လို ‌မင်းကင်းဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတွေဟာ ဒီဇင်ဘာ ၃၀ ရက်က မင်းကင်းမြို့ကနေ ချင်းမြစ်အောက်ပိုင်းကို ဆုန်ဆင်းလာပြီး ဒီနေ့မှ အခုလို မီရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသူ တဦးက “လက်ပံဆိပ်ရွာကို မီးအရင်ရှို့တာ။ အဲဒီရွာကို ရှို့ပြီး မတောရွာကို ထပ်မီးရှို့တယ်။ ရွာသာတွေကတော့ အကုန်ထွက်ပြေး နေကြရတယ်။ ရွာအနီးလည်းကပ်လို့ မရသေးတော့ အိမ်ဘယ်နှလုံး မီးလောင်တယ်ဆိုတာကိုတော့ အတိကျမပြောနိုင်သေးဘူး”လို့ ပြောဆိုပါတယ်။ 

အခုလို ရွာကို မီးရှို့နေတာကြောင့် ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ PDF တွေ ရောက်ရှိလာပြီး မနက် ၁၁ နာရီခွဲကျော်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေဆီ ဖုန်းဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ယင်မာပင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲရာ ကျေးရွာ ၂ ရွာကို ဒေဒသခံပြည်သူကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီကနေ ဇန်နဝါရီ ၁ ရက် မနက်ခင်းအစောပိုင်းအထိ ပစ်ခတ်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးခေါင်ဆောင်တွေက ပြောပါတယ်။

ပုလဲမြို့နယ်က ဇီးဖြူကုန်းရွာနဲ့ ယင်းမာပင်မြို့နယ်က ဘန့်ဘွေးရွာမတို့ကို ပစ်ခတ်ခဲ့တာ လို့ ရိုးမရာဇာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

“မနေ့က နေ့လယ်ပိုင်းကတော့ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ပျူနဲ့စကစတွေ တပ်ဆွဲထားတဲ့ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်။ သေတာကိုတော့ အတိကျမသိရဘူး။”

ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်တဦးက “မနေ့က ည ၁၂ နာရီက‌နေ  မနက်လင်းပိုင်းအထိ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကို ပစ်ခတ်ခဲ့တယ်။ အသေအပျောက်ကတော့ မသိရသေးဘူး။ စုံစမ်းနေဆဲပဲ”လို ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဒေသတွင်းပြည်သူ့စစ်ဆိုတဲ့အသုံးအနှုန်းကို ဖော်ပြပြီး ပြည်သူ အချင်းချင်း သွေးခွဲကာ တိုက်ခိုက်ခိုင်းတာဖြစ်ပြီး သွေးခွဲအုပ်ချုပ်ရေးစနစ် ဖော်ဆောင်လာနေတာလို့ စစ်ကိုင်းနိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013