DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့်မြင်းမူ ရဲစခန်းအချို့ကို PDF အဖွဲ့များ တိုက်ခိုက်
DVB
·
October 22, 2022
မြိုင်နှင့်မြင်းမူ ရဲစခန်းအချို့ကို PDF အဖွဲ့များ တိုက်ခိုက်
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

လင်းကတောရဲစခန်းကို အောက်တိုဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ  မြိုင် ပ.က.ဖတပ်ရင်း(၂)၊ ရေစကြို ပ.က.ဖ၊ ပခုက္ကူ Earthquake-PDF နဲ့ ဆာစလင်းကြီး SSTF တပ်ဖွဲ့တို့ ညီနောင်မဟာမိတ် ၄ ဖွဲ့ပေါင်း စီးနင်းတိုက်ခိုက်ခဲ့တာလို့ မြိုင်ပ.က.ဖ တပ်ရင်း(၂) တပ်ရင်းမှူး ဗိုလ်ကျောက်တိုင်က ပြောပါတယ်။

အဲဒီ စခန်းကို သိမ်းကာနီးဆဲဆဲ မွန်းလွဲ ၂ နာရီလောက်မှာ မုံရွာ နမခ က ရဟတ်ယာဥ် ၂ စီးနဲ့ မိနစ် ၂၀ လောက် လာရောက်ပစ်ကူပေးလို့ တိုက်ပွဲကို ခေတ္တနားခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီလောက် ထပ်မံစီးနင်းတိုက်ခိုက်ရာမှာလည်း စခန်းသိမ်းတော့မယ့်အချိန် စစ်ကောင်စီဘက်က ရဟတ်ယဥ် ၁ စီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ ပြန်ဆုတ်ခဲ့ကြတယ်လို့ ဗိုလ်ကျောက်တောင်က ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ စာသင်ကျောင်းကိုလည်း မနေ့က နေ့ခင်းဘက် ၁၂ နာရီလောက်မှာ မြိုင် ပ.က.ဖ တပ်ရင်း (၂) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ပြောပါတယ်။

မြင်းမူမြို့နယ် မြို့မရဲစခန်းနဲ့  အထက်တန်းကျောင်းတို့ကိုလည်း အောက်တိုဘာ ၂၀ ရက်နဲ့ ၂၁ ရက်ကလည်း ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၇) နဲ့True Fighter အဖွဲ့က အောက်တိုဘာ ၂၀ ရက် ည ၇ နာရီမှာ မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့သလို အောက်တိုဘာ ၂၁ ရက် မနက် ၅ နာရီမှာ အထက်တန်းကျောင်းကို ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းမူဒေသခံက “အသေအပျောက်ကတော့ ညက ရဲ ၃ ယောက် ထိခိုက်တယ်။ မနက်ခင်းကတော့ ၄ ယောက် ထိခိုက်တယ်လို့တော့ ကြားရတယ်” လို့ ပြောပါတယ်။

Zero ပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက “ကျနော်တို့ အဖွဲ့ ၂ ဖွဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းနဲ့ စာသင်ကျောင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်။ မြို့ပေါ်က သတင်းပေးချက်အရ ၇ ကောင် သေတယ်လို့တော့ သိထားရတယ်။ အလစ်ဝင်ပစ်ခဲ့တာဆိုတော့ အထိခိုက် မရှိခဲ့ဘူး” လို ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီကသီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013